ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာဝရိန်လုပ်သားတွေဆက်တိုက်လွှတ်ဖို့ရှိ

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာဝရိန်လုပ်သားတွေဆက်တိုက်လွှတ်ဖို့ရှိ

မတ် ၁၅ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဝရိန်ကျွမ်းကျင် မြန်မာလုပ်သားတွေကို ဆက်တိုက်စေလွှတ်ဖို့ရှိတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)ထံက သိရပါတယ်။တောင်ကိုရီးယားနိုင်ငံက ဒီနှစ်မှာ သင်္ဘောကျင်းလုပ်ငန်းအတွက် မြန်မာလုပ်သား ၅၀၀ ကို ခေါ်ယူဖို့ သတ်မှတ်ထားပြီး ပုဂ္ဂလိကအေဂျင်စီ ၄ခုနဲ့ သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။မတ်လ ၁၂ရက်က အဲဒီလုပ်ငန်းအတွက် လုပ်သား ၁၇ဦးကိုပထမအသုတ် အဖြစ်စေလွှတ်င်ခဲ့ပြီး နောက်ထပ်စေလွှတ်ဖို့ပြင်ဆင်နေတာရှိတယ်လို့ MOEAF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
  • “သင်တန်းပေးတာတွေပြီးပြတ်တာနဲ့ဆက်တိုက်ထွက်ဖို့ရှိတယ်။ကျွမ်းကျင်လုပ်သားဖြစ်တဲ့အတွက်အရည်အချင်းတော့တော်တော်စိစစ်ရတယ်”လို့ သူက ပြောပါတယ်။သင်္ဘောကျင်းအတွက် ကျွမ်းကျင်လုပ်သားကို မနှစ်က မြန်မာနိုင်ငံကနေ လုပ်သား ၁၀၀ ကျော်ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး ဒီနှစ်မှာ ဦးရေ ၅၀၀ အထိ တိုးမြှင့်ခဲ့တာဖြစ်ပါတယ်။အဲဒီလုပ်ငန်းအတွက် ပုဂ္ဂလိကအေဂျင်စီတွေနဲ့ ချိတ်ဆက်ခေါ်ယူတာဖြစ်ပြီး EPS စနစ်နဲ့အလုပ်သမားတွေကိုတော့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)ကသာ စေလွှတ်တာဖြစ်ပါတယ်။လက်ရှိမှာမြန်မာလုပ်သား ၅၀,၀၀၀ နီးပါး တောင်ကိုရီးယားနိုင်ငံမှာ လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားရေးရာမှတ်တမ်းတွေအရ သိရပါတယ်။
(မတ်လ ၁၂ ရက်က တောင်ကိုရီးယားကို စေလွှတ်ခဲ့သည့် ဝရိန်ကျွမ်းကျင်မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ဆိုးလ်မြို့၊ မြန်မာသံရုံး)

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *