ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး

ထိုင်းမှာ တိုက်ပေါ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား ဓာတ်လိုက် သေဆုံး
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လတ်ချဒါမှာ တိုက်အပေါ်ဆုံးထပ်က ရေလှောင်ကန်ကို သန့်ရှင်းရေးလုပ်ရင်း မြန်မာလုပ်သား တစ်ဦးနဲ့ ထိုင်းအလုပ်သမား တစ်ဦး ဓာတ်လိုက်သေဆုံးသွားတယ်လို့ သိရပါတယ်။ဓာတ်လိုက်သတိလစ်နေတာကို တခြား လုပ်ဖော်ကိုင်ဖက်တွေက တွေ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ပေးပေမယ့် သေဆုံးသွားတာလို့ ဆိုပါတယ်။သေဆုံးသူ ၂ ဦးဟာ ရေလှောင်ကန်သန့်ရှင်းရေး ပုံမှန်လုပ်နေကျသူတွေဖြစ်ပြီး အရင်က အခုလိုမျိုး မကြုံဖူးကြောင်း အလုပ်သမားတွေက ဆိုပါတယ်။
- ရေစုပ်စက်နဲ့ ရေပိုက်ထဲဲမှာ လျှပ်စစ်မီးယိုစိမ့်မှုဖြစ်နိုင်တယ်လို့ အလုပ်သမားတွေက သုံးသပ်ပေမယ့် တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်ကို စောင့်ကြည့်ရမှာလို့ ဆိုပါတယ်။အခုလိုဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်စေဖို့ ရေ၊မီးလျှပ်စစ် လုပ်ငန်းလုပ်ရာမှာ အနည်းဆုံး ၂ ဦးအထက် ထားပေးရင် တစ်ခုခုအရေးအကြောင်းပေါ်ပါက သတိထားကူညီပေးနိုင်မယ်လို့ 7DH သတင်းဌာနက ဖော်ပြပါတယ်။