ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ

ထိုင်းနယ်စပ်မှာ မြန်မာအမျိုးသမီးတစ်ဦးဆီက ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ် ဖမ်းဆီးမိ
- ထိုင်းနိုင်ငံ၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ ထိုးထိုင်းကျေးရွာအုပ်စု အမှတ် (၉) Ban Hmong Kao Lang မုံ ကိုးအိမ်ရွာ ထိုင်းနယ်ခြားစောင့်တပ် စစ်ဆေးရေးဂိတ်မှာ မော်တော်ဆိုင်ကယ် မောင်းလာတဲ့ မိုင်းဆတ်မြို့သူ အသက် (၁၇)နှစ်အရွယ် မြန်မာ အမျိုးသမီးတစ်ဦးထံကေန ဘိန်းစိမ်း ၃ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၄ ဂရမ်ကိုဖမ်းဆီးရမိကြောင်း သိရပါတယ်။ကောက်ရိုးအိတ်ထဲက Sponsor ပုလင်း ၄ ပုလင်းအတွင်း အလေးချိန် ၃ ဒသမ ၅ ဂရမ်စီနဲ့ အလေးချိန် စုစုပေါင်း ၁၄ ဂရမ် ဘိန်းဖြူတွေပါရှိပြီး ဆိုင်ကယ် ထိုင်ခုံအောက်မှာ ဘိန်းစိမ်း ၃ တုံးစီနဲ့ အလေးချိန် ၁ ကီလိုဂရမ် စုစုပေါင်း အလေးချိန် ၃ ကီလိုဂရမ်၊ ဘတ်ငွေ ၄၆၀၊ ရွှေနဲ့တူတဲ့ လက်ကောက်နဲ့ လက်ကိုင်ဖုန်း ၁ လုံး ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
- ထိုင်း – မြန်မာနယ်စပ်တစ်လျှောက်မှာ တရားမ၀င် ၀င်ရောက်လာမယ့် နိုင်ငံခြားသားနဲ့ တရားမ၀င် ပစ္စည်းတွေကို ကင်းလှည့် စစ်ဆေးခြင်း၊ ဂိတ်ဖွင့် စစ်ဆေးခြင်းတို့ တိုးချဲ့ဆောင်ရွက်နေပြီး မူးယစ်ဆေး၀ါးကို အဓိက ဟန့်တားဖို့ အထူးဆောင်ရွက်နေကြောင်း နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက ပြောပါတယ်။ဖမ်းဆီးခံရသည့် အမျိုးသမီးအား Mae Fah Luang ရဲစခန်းမှာ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။