ထိုင်းတွင် ခရီးဆောင်အိတ်အတွင်း အသတ်ခံထားရသည့် အမျိုးသမီးအလောင်း တွေ့ရှိ

စက်တင်ဘာ ၄၊ Migrant Times။

ထိုင်းနိုင်ငံ ၊ ချွန်ပူရီခရိုင်၊ ဟွိုင်ယိုင်(Hawai Yai)ရှိ ကန့်ဘိုင်းဖိုင် ရေလှောင်ကန်တွင် ကယ်ဆယ်ရေးလုပ်သားများသည် မျောပါလာသောခရီးဆောင်အိတ်အတွင်းမှ အသတ်ခံရသော အမျိုးသမီးတဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက်တွင် ရေလှောင်ကန်၌ လှေလှော်အသင်းသားများက ပေါလောပေါ်နေသော ခရီးဆောင်အိတ်ကိုတွေ့ရှိခဲ့သည်။ ၄င်းအိတ်သည် ကြိုးများ သော့များဖြင့် တင်းကျပ်စွာချည်ထားပြီး အနံ့ဆိုးများထွက်နေသော ကြောင့် ကယ်ဆယ်ရေးလုပ်သားများက ကမ်းပေါ်သို့သယ်ကူကာ စစ်ဆေးခဲ့ကြသည်။

အိတ်အတွင်းတွင် မည့်သည့်နိုင်ငံသားမှန်းမသိရသေးသည့် အသက် (၃ဝ) အရွယ် အမျိူးသမီးအလောင်းကိုတွေ့ရှိခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်။သေဆုံးသူအမျိူးသမီးမှာ တက်တူးအများအပြား ထိုးထားပြီး မိတ်ကပ်ရောင်ဘောင်းဘီ ဝတ်ဆင်ထားကြောင်း သတင်းကဖော်ပြသည်။

“အဲ့ဒီ ခရီးဆောင်အိတ်ကို ကန့်ဘိုင်းဖိုင်ရေကန်မှာ တွေ့ရှိတယ်လို့ မနက် ၆ နာရီခွဲလောက်မှာသတင်းပေးလာတာ”ဟုဟွိုင်ယိုင်ရဲစခန်း စုံစမ်းရေး ဒုတိယအရာရှိက ပြောကြားသည်။

မှူခင်းဆရာဝန်၏ ပြောကြားချက်အရ သေဆုံးသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး လည်ပင်း၊ ရင်ဘတ်နှင့် နှာတံတို့တွင် ပွန်းပဲ့ဒဏ်ရာများတွေ့ရှိထားသည်။ ထို့ပြင်ခရီးဆောင်အိတ်အတွင်းမှ ၅ Kg အလေးပြား 2.5 kg အလေးပြား ၃ ခု 1.5 kg အလေးပြား ၄ ခု အားလည်း တွေ့ရှိခဲ့သည်။

အမျိုးသမီး၏ သေဆုံးသည့်အကြောင်းကို သိရှိနိုင်ရန် မှုခင်းဆေးဌာနသို့ပို့ဆောင်ထားပြီး အမှုအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းကဖော်ပြသည်။

အဆိုပါအမှုသည် ယခုနှစ် အစောပိုင်းတွင် ရယောင်းပြည်နယ်၊ ဘန်ချန်းခရိုင်၌ ဖြစ်ပွားခဲ့သော လူသတ်မှုတစ်ခုနှင့် သိသိသာသာ ဆင်တူနေကြောင်း၊ ၄င်းအမှုသည်လည်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ခရီးဆောင်အိတ်ထဲ ထိုးထည့်ကာ အလေးပြားများဖြင့် ရေထဲမြှုပ်ထားခဲ့ပြီး နေရာနှစ်ခုမှာ ၁၄ ကီလိုမီတာသာ ကွာဝေးသောကြောင့် အမှုနှစ်ခု ဆက်စပ်နေနိုင်ကြောင်း ထိုင်းသတင်းကရေးသားသည်။

ဓာတ်ပုံ – Bangkok Post

#Migranttime

#ချွန်ပူရီ

#ထိုင်း

#thailand

YouTube https://www.youtube.com/@migranttimes

Website https://www.migranttimes.com/

Telegram https://t.me/migranttimes

TikTok https://www.tiktok.com/@migranttime

Similar Posts