နိုဝင်ဘာ 2, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဟာချိုင်မှာ ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာ ၂ ဦးဖမ်းဆီခံရ

အောက်တိုဘာ ၂၉ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ပြည်နယ် ၊ မဟာချိုင်မြို့နယ် တာ့ဆိုင်းရပ်ကွက်တွင် ဝက်သားတုတ်ထိုး ရောင်းသည့် မြန်မာနိုင်ငံသား ၂ ဦးကို အလုပ်လုပ်ကိုင်ခွင့်မရှိဘဲ ရောင်းချသည့်အတွက် ဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းက ယနေ့ဖော်ပြသည်။

၎င်း ၂ ဦးအား ဝက်သားတုတ်ထိုး ရောင်းချရန်အတွက် ပြင်ဆင်နေစဉ်ဖမ်းမိခဲ့ပြီး စစ်ဆေးရာတွင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းများ မှန်ကန်စွာ ပြသနိုင်ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကပြောကြားသည်။

အလားတူ မဟာချိုင်ရှိ သစ်သီးဖျော်ရည်ရောင်းသည့် ဆိုင်တခုတွင် ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ရောင်းချနေသည်ကို တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – Dek Samut Sakhon