နိုဝင်ဘာ 2, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ဖူးခက်တွင် မြန်မာ ၁ ဦး အမှိုက်ကားပေါ်က ပြုတ်ကျပြီးသေဆုံး

အောက်တိုဘာ ၃ဝ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် အမှိုက်သိမ်းဆည်းသည့်ကားပေါ်က ပြုတ်ကျသည့် မြန်မာအလုပ်သမား ၁ ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

အသက် ၂၈ နှစ်အရွယ် မြန်မာအလုပ်သမား ကိုဝေလင်းကျော်သည် အောက်တိုဘာလ ၂၈ ရက်နေ့ ၊ နေ့လယ် ၂ နာရီ ၂ဝ မိနစ်ခန့်၌ ဖူးခက်မြို့၊ Kathu ရပ်ကွက် လူမှုဖူလုံရေးရုံးရှေ့ လမ်းမပေါ်တွင် အမှိုက်သိမ်းဆည်းသည့်ကားပေါ်က ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကိုဝေလင်းကျော်အား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့သော်လည်း ရရှိသည့်ဒဏ်ရာမျာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကားမောင်းသူက ကိုဝေလင်းကျော်နှင့်အလုပ်သမား ၁ ဦးသည် ကားနောက်ရှိအမှိုက်ထုပ်များပေါ်တွင် ထိုင်လျက်လိုက်ပါလာကြပြီး အမှိုက်ထုပ် တစ်ထုပ်လျှောကျရာမှ ကိုဝေလင်းကျော်သည် ဟန်ချက်ပျက်ကာ ၁၂ ပေခန့်အမြင့်မှ လမ်းပေါ်သို့ ပြုတ်ကျခဲ့ခြင်ဖြစ်ကြောင်း ပြောကြားသည်။

ကိုဝေလင်းကျော်၏ ရုပ်အလောင်းအား Vachira Phuket ဆေးရုံသို့ပို့ဆောင်ထားပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်သည့်အတွက် စွဲချက်တင်ခြင်းမရှိသေးကြောင်း ဖူးခက်သတင်းဌာနကဖော်ပြသည်။ ယခုဖြစ်စဉ်သည် ထိုင်းနိုင်ငံရှိ အလုပ်ကြမ်းလုပ်ငန်းများ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ငန်းခွင်ဘေးကင်းရေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာ အခြေအနေဖြစ်ပေါ်ကြောင်း ထိုင်းသတင်းကရေးသားသည်။

Photo – Phuket News / Thaiger