အောက်တိုဘာ ၃၁ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ စုရတ်ဌာနီ ၊ကော့စမွီမြို့နယ် Bo Phut ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် ထိုင်းရဲတစ်ဦးက ဆံပင်ညှပ်ခံပြီးနောက် မြန်မာနိုင်ငံသား ဆံသဆရာကို ဖမ်းဆီးခဲ့သည်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်သည် ဖောက်သည်ယောင်ဆောင်ကာ မြန်မာအမျိုးသားဆံပင်ညှပ်သမားရှိသည့် ဆံပင်ညှပ်ဆိုင်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဆံပင်ညှပ်ပြီးနောက်မှ အရာရှိဖြစ်ကြောင်း မိတ်ဆက်ပြီး မြန်မာဆံသဆရာ အား ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အားလုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့တွင်ဖော်ပြသည်။
ကိုအောင်ဇော်ထွန်း အမည်ရ အသက် ၂၁ နှစ်ရှိ မြန်မာနိုင်ငံသားသည် ဆံသဆရာအဖြစ်၎င်းဆိုင်တွင်
ထိုင်းပိုင်ရှင်တစ်ဦး၏ ဝန်ထမ်းဖြစ်လုပ်ကိုင်နေပြီး မြန်မာနှင့် ထိုင်းဖောက်သည်များသာမက နိုင်ငံခြားသားများအား တဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ ဖြင့် ဆံပင်ညှပ်ပေးကြောင်း ပြောကြားခဲ့သည်။
ဆံပင်ညှပ်ခြင်းသည် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ပြီး မြန်မာဆံပင်ညှပ်သမားအား ခေါ်ဆောင်ကာ Bo Phut ရဲစခန်းသို့ လွှဲပြောင်းခဲ့ကာ ထိုင်းဆိုင်ပိုင်ရှင်ကိုလည်း ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – MGR
