နေထိုင်စရိတ်နဲ့ကုန်စျေးနှုန်းကြီးမြင့်တာကြောင့် လစာအိမ်ပြန်မပို့နိုင်တဲ့စက်ရုံလုပ်သားတွေ များလာ
နိုဝင်ဘာ၂၄ရက်၊ အရုဏ်ဦး ရန်ကုန်မြို့မှာနေထိုင်စရိတ်နဲ့ကုန်စျေးနှုန်းကြီးမြင့်နေတာကြောင့် လစာကိုအိမ်ပြန်မပို့နိုင်တဲ့အလုပ်သမားတွေများလာတယ်လို့ အလုပ်သမားအသိုင်းဝိုင်းဆီက သိရပါတယ်။ အဆောင်နဲ့အိမ်ခန်းငှားရမ်းခတွေ တိုးလာသလို အထွေထွေကုန်ကျစရိတ်ကြီးမြင့်လာလို့ ရတဲ့လစာမှာ တကိုယ်ရေအတွက်ပဲ သုံးနိုင်တဲ့အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာမြို့နယ်မှ စက်ရုံလုပ်သားတစ်ဦးက “အရင်ကလတိုင်းမဟုတ်တောင် လခြားပြီးအိမ်ကို ငွေထောက်နိုင်သေးတယ်။အခုက ကိုယ်တယောက်စာလုံလောက်ဖို့တောင်မနည်း…