စက်ရုံလုပ်သားတချို့ သီတင်းကျွတ်ပိတ်ရက်အတွက် အချိန်ပိုအစားထိုးဆင်းနေရ
အောက်တိုဘာ ၁၁ရက်၊အရုဏ်ဦး ပြည်တွင်းကစက်ရုံတချို့မှာ သီတင်းကျွတ်ပိတ်ရက်အတွက် အချိန်ပိုအစားထိုးခေါ်ယူစေခိုင်းတာတွေရှိနေတယ်လို့ စက်ရုံလုပ်သားတွေဆီက သိရပါတယ်။ အောက်တိုဘာလဆန်းကစပြီး တနင်္ဂနွေပိတ်ရက်ပါမချန်အချိန်ပိုအစားထိုးဆင်းပေးနေရတာဖြစ်ပြီး မဆင်းနိုင်တဲ့အလုပ်သမားတွေကို ပြဿနာရှာတာမျိုးတွေရှိနေတယ်လို့ ဆိုပါတယ်။ “အထည်အော်ဒါတွေအချိန်မီမပြီးမှာစိုးလို့ဆိုပြီး အချိန်ပိုတွေ ခေါ်နေတာ။သင်္ကြန်တုန်းကလည်း အခုလိုပဲ ။ပိတ်ရက်ကိုယ်ရေးကိုယ်တာကိစ္စရှိလည်းမနားရဘူး”လို့ ရွှေပြည်သာမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက…