စေလွှတ်တဲ့အလုပ်သမားစာရင်းပေးပို့ဖို့ ပျက်ကွက်တဲ့အေဂျင်စီကို ဆိုင်းငံ့မယ်
အောက်တိုဘာ ၅ရက်၊အရုဏ်ဦး စက်တင်ဘာလအတွင်းမှာ စေလွှတ်ခဲ့တဲ့အလုပ်သမားစာရင်းကို ပေးပို့ဖို့ပျက်ကွက်တဲ့အေဂျင်စီတွေကို ဒဏ်ကြေးကောက်မယ့်အပြင် စေလွှတ်ရေးလုပ်ငန်းစဥ်ကိုပါ ဆိုင်းငံ့အရေးယူမယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက သတိပေးထားပါတယ်။ လက်ရှိအချိန်အထိ စေလွှတ်လုပ်သားဦးရေစာရင်းပေးပို့ခြင်းမရှိသေးတဲ့ အေဂျင်စီ ၆၆ခုရှိပြီး နာမည်စာရင်းနဲ့အတူ ထုတ်ပြန်ထားကာအောက်တိုဘာ၆ရက်နောက်ဆုံးထားပေးပို့ဖို့သတိပေးထားတာဖြစ်တယ်။ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ လကုန်ပြီး ၅ရက်အတွင်း…