Site icon Migrant Times

ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ အလုပ်ရှင် (သို့) အလုပ်အမျိုးအစား ပြောင်းလဲနိုင်

အလုပ်ရှင်/ကိုယ်စားလှယ်တို့က ရွေ့ပြောင်းမြန်မာ အလုပ်သမား လိုအပ်ချက်ရှိခြင်းကြောင်းကို စာရင်းလျှောက်တင်ထားခြင်းကြောင့် အလုပ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် 2024 ခုနှစ် စက်တင်ဘာလ 24 ရက်နေ့ ထုတ်ပြန်ချက် နှင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ထုတ်ပြန်ချက်တို့တွင်ပါဝင်သော ရွှေ့ပြောင်းအလုပ်သမားတို့အနေဖြင့် အလုပ်ရှင် သို့ အလုပ်အမျိုးအစား ပြောင်းလဲလိုပါက အောက်ပါအတိုင်းဆောင်ရွက်ရမည်။

၁. ပြင်ဆင်ထားရမည့်အထောက်အထားများမှာ

၁.၁ အလုပ်ရှင်အချက်အလက်ပြုပြင်ပြောင်းလဲခြင်း သို့မဟုတ် အလုပ်ငန်းအမျိုးစား ပြုပြင်ပြောင်းလဲခြင်းလျှောက်လွှာပုံစံ။ ( ဖြစ်ရပ်ပေါ်မူတည်၍)

၁.၂ အလုပ်ရှင်အဟောင်း၏ အလုပ်သမားခေါ်ယူမှုအမည်စာရင်းမိတ္တူ

၁.၃ အလုပ်ထွက်စာမိတ္တူ (အကယ်၍ အလုပ်ရှင်ပြောင်းလဲခြင်းဖြစ်ပါက)

၁.၄ အလုပ်ငန်းအမျိုးအစားပြောင်းလဲခြင်း အထောက်အထား။ ( အကယ်၍ အလုပ်ငန်းပြောင်းလဲလိုပါက)

၁.၅ အလုပ်ရှင်အသစ် မှတ်ပုံတင်မိတ္တူ

၁.၆ အာဏာလွှဲပြောင်းစာရွက် ( အကယ်၍ အလုပ်ရှင်ကိုယ်တိုင် လိုက်ပါမဆောင်ရွက်ပေးပါက)

၂. ဖန်ငါခရိုင်အလုပ်သမားအလုပ်အကိုက်ရှာဖွေရေးရာဌာတွင် လျှောက်ထားနိုင်ပါသည်။

*အထက်ပါဝန်ဆောင်များအတွက် အခကြေးငွေပေးစရာမလိုပါ။

Exit mobile version