အလုပ်ရှင်နှင့် အလုပ်သမားစာချူပ် အကြောင်း သိကောင်းစရာ

အလုပ်ဌားစာချူပ်သည် အလုပ်အကိုင်အညွှန်းနှင့် တစ်ထပ်တည်းအရေးကြီးသောကြောင့် နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်ရန် အောက်ပါအချက်အလက်များကို လိုက်နာပေးရမည်။

၁။ အလုပ်ခန့်စာချုပ်တွင် ရာထူးနှင့် လစာ အတိအကျဖော်ပြထားရန် (အစိုးရသတ်မှတ်ထားသော အခြေခံလစာထက် မနည်းရန်) နှင့် လစာပေးချေသောရက်မှာ အနည်းဆုံး တစ်လတစ်ကြိမ်ရှိနေရမည်။

၂။ တိကျသောအလုပ်ခန့် ကာလ ဉပမာ၁နှစ် (သို့) ၂နှစ် နှင့်တိကျသော လုပ်ငန်းတည်‌နေရာကိုဖော်ပြပေးရမည်။

၃။ ပုံမှန်တစ်နေ့လုပ်ငန်းချိန်မှာ ၈နာရီ၊ အန္တရာယ်ရှိနိုင်သော အလုပ်တွင် ၇နာရီ၊ ထက်ပိုမရှိရန်နှင့် အချိန်ပိုရှိပါက အချိန်ပိုလုပ်အားခရရန်နှင့် တစ်ပတ်တွင် အများဆုံး ၆ရက်သာ အလုပ်ချိန်သတ်မှတ်ရမည်၊

၄။ လုပ်ငန်းရှင်မှာ ဝန်ထမ်းများကို တစ်ပတ်အတွင်း ပိတ်ရက်စီစဉ်ပေးရန်နှင့် ၎င်းပိတ်ရက်အစား လုပ်ခ တစ်ရက်စာပေးရန်၊ ထိုင်းရိုးရန်ပိတ်ရက်အတွက် တစ်နှစ်တွင် ပိတ်ရက် ၁၃ရက်၊ တစ်နှစ်သက်တမ်းပြည့်ပြီးသော ဝန်ထမ်းကိုရက်ရှည်ပိတ်ရက် စီစဉ်ပေးသင့်ပြီး ၆ရက်စာထက်ပိုသော လုပ်ငန်းခကို ရရှိရမည်။

၅။ ပုံမှန်အလုပ်ဆင်းသောနေ့တွင် အလုပ်သမားသည် ပုံမှန်အလုပ်ချိန်ထက် ကျော်လွန်၍ အလုပ်လုပ်ပါက အလုပ်ရှင်သည် အလုပ်သမားကို ပုံမှန်အလုပ်ချိန် နာရီအလိုက်နှုန်းထား၏ ၁.၅ဆထက် မနည်းသောနှုန်းထားဖြင့် အချိန်ပိုလုပ်ခပေးရမည်။ အလုပ်သမားသည် အားလပ်ရက်များတွင် အလုပ်လုပ်ပါက အလုပ်ရှင်သည် အလုပ်သမားကြိ အောက်ပါအတိုင်း အချိန်ပိုကြေးပေးရမည်။

၅.၁ အားလုပ်ရက်လုပ်ခ ရပိုင်ခွင့်ရှိသည့် အခြေအနေတွင် ပုံမှန်အလုပ်ချိန်နာရီအလိုက်နှုန်းထား၏ ၁ဆနှုန်း
၅.၂ အားလပ်ရက်လုပ်ခ ရပိုင်ခွင့်မရှိသည့်အခြေအနေတွင် ပုံမှန်အလုပ်ချိန် နာရီအလိုက်နှုန်ူထား၏ ၂ဆနှုန်း

၆။ လုပ်ငန်းရှင်သဘောတူညီချက်အရ အလုပ်လုပ်သည့်ရက်တိုက်း အစာူအစာ တစ်နေ့ ၃ကြိမ်စီစဉ်ခြင်းဖြင့် ကုန်ကျစရိတ်များကို လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများကြား အချင်းချင်းညှိနှိုင်းနိုင်ပါသည်။

၇။ ဘေးကင်သောတည်းစရာနေရာ၊ တိုက်ခန်း၊ အဆောင်များစီစဉ်ပေးခြင်းဖြင့် ကုန်ကျစရိတ်များကို လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများကြား အချင်းချင်းညှိနှိုင်းနိုင်ပါသည်။

၈။ လုပ်ငန်းရှင် သဘောတူညီချက်အရ ဆေးခန်းကုန်ကျသရိတ်၊ ကျန်းမာရေးနှင့် ပတ်သက်သော ကုန်ကျစရိတ်များကို အလုပ်သက်တမ်း တစ်ခုလုံးအတွက် ဝန်ထမ်းများကိုစီစဉ်ထားပေးရန်။

၉။ လုပ်ငန်းရှင်သည် ဝန်ထမ်းအလုပ်ခေါ်ရာတွင် ထိုင်းနိုင်ငံအရောက်ခရီးကုန်ကျစရိတ်နှင့်ယာဉ်ကိုဆောင်ရောက်သည်အထိ စီစဉ်ပေးရမည်ဖြစ်ပြီး အလုပ်သက်တမ်းကုန်ဆုံးရာတွင်လည်း ဝန်ထမ်း၏အခြားနိုင်ငံ အိမ်အရောက်ကိုလည်းစီစဉ်ပေးရမည်။ ဝန်ထမ်း၏ မှားယွင်းဖောက်ပြန်မှုကြောင့် အလုပ်မှ ထုတ်ခဲခြင်းသည် ၎င်းအကျိုးခံစားခွင့်ရရှိမည်မဟုတ်ပါ။

၁၀။ ဝန်ထမ်းများသည် တရားဝင်ပြဌာန်းထားသောစည်းကမ်းချက်များနှင့် အညီ မိမိလုပ်ငန်းရှင်နှင့် မိမိအလုပ်ရှိ စည်းမျဉ်းစည်းကမ်းကို လိုက်နာရမည်ဖြစ်ပြီး မိမိလုပ်ငန်းရှင်မှတစ်ပါး အခြားသူကို အလုပ်လုပ်ပေးခွင့်မရှိ။ တရားဝင်မဟုတ် လူစုဝေးပြီး ဥပဒေချိုးဖောက်သော လုပ်ငန်းများကိုရှောင်ကြည်ရန်။

၁၁။ အလုပ်ရှင်သည် ဝန်ထမ်းကိုအလုပ်ဌားခြင်းမှ ရပ်ဆိုင်းလိုပါက ထိုဝန်ထမ်းကို အချိန်တစ်လ ကြိုတင်အကြောင်းကြားရန် (သို့) ထိုတစ်လစာ လုပ်ခပေးခြင်းဖြင့် အလုပ်ဌားခြင်းကို ရပ်ဆိုင်းနိုင်သည်။ အလုပ်ရှင်မှ အလုပ်ဌားခြင်း ရပ်ဆိုင်းလိုလျှင် ထိုဝန်ထမ်းကို အိမ်ပြန်ခရီးစီစဉ်ပေးရမှာဖြစ်ပြီး ဝန်ထမ်းကိုယ်တိုင်အလုပ်ရပ်ဆိုင်းလိုပါက လုပ်ငန်းရှင်ကို တစ်လကြိုတင် အကြောင်းကြားပြီးမှ ထွက်ခွာရမည်။ ထိုအတွက် လုပ်ငန်းရှင်မှ အိမ်ပြန်လမ်းခရီး စီစဉ်ပေးမည် မဟုတ်ပါ။

၁၂။ အခက်အခဲကြုံတွေ့ရသော အခြေအနေဥပမာအားဖြင့် သဘာဝဘေး၊ မီးလောင်မှု၊ ရေကြီးမှု၊ စစ်ဖြစ်မှု၊ အစရှိသော အရေးပေါ်အကြောင်းအရာဖြစ်ခဲ့ပါက လုပ်ငန်းရှင်များသည် ဝန်ထမ်းများကို လုံခုံသောနေရာပေးန်ိုင်ရန် (သို့) အလုပ်လုပ်ရန်အဆင်မ‌ပြင်တော့သည့် အခြေအနေတွင် လုပ်ငန်းရှင်မှ ဝန်ထမ်းများကြိ အိမ်ပြန်ခရီးစီစဉ်ပေးရန်

Similar Posts