၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အစိုးရအဖွဲ့သည် အလုပ်သမားဝန်ကြီးဌာနမှ တင်ပြထားသော အထောက်အထားလက်မှတ် (CI)၊ ခရီးသွားစာရွက်စာတမ်း (TD) နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးစင်တာနှင့်ပတ်သက်သည့် ကိစ္စကို အတည်ပြုဆုံးဖြတ်ခဲ့သည်။
မြန်မာအစိုးရသည် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များနှင့် အလုပ်လုပ်ရန် ခွင့်ပြုထားသော မြန်မာအလုပ်သမားများအတွက် အထောက်အထားလက်မှတ် (CI) ထုတ်ပေးရန် အထောက်အထားလက်မှတ် (CI) စင်တာ လေးခုဖွင့်လှစ်ရေး သံတမန်လမ်းကြောင်းမှတစ်ဆင့် စာဖြင့်အကြောင်းကြားထားသည်။
၁. အထောက်အထားလက်မှတ် (CI) စင်တာ၊ ဆမွတ်ဆာခုန်ပြည်နယ်
တည်နေရာ။ ထိုင်းတလေးဈေး၊ နံပါတ် ၁/၂ ရမဖရိုးလမ်း၊ ရွာနံပါတ် ၁၊ သာချင်းမြို့နယ်၊ မွတ်ဆာခုန်ခရိုင်၊ ဆမွတ်ဆာခုန်ပြည်နယ်။
၂. အထောက်အထားလက်မှတ် (CI) စင်တာ၊ ဆမွတ်ပြခန်ပြည်နယ်
တည်နေရာ။ ရွိုင်ယယ်ကော်ပိုရေးရှင်းကုမ္ပဏီလီမိတက်၊ နံပါတ် ၃၃၉/၁၁၊ ရွာနံပါတ် ၃၊ ဘန်ချက်မြို့နယ်၊ ဖရာပရာဒေန်ခရိုင်၊ ဆမွတ်ပြခန်ပြည် နယ်။
၃. အထောက်အထားလက်မှတ် (CI) စင်တာ၊ ဆူရတ်ထာနီပြည်နယ်
တည်နေရာ။ တာပီတက္ကသိုလ်၊ နံပါတ် ၄၅/၄၅၊ ရွာနံပါတ် ၇၊ မလွမ်မြို့နယ်၊ ဖုန်ဖင်ခရိုင်၊ ဆူရတ်ထာနီပြည်နယ်။
၄. အထောက်အထားလက်မှတ် (CI) စင်တာ၊ ချင်းမိုင်ပြည်နယ်
တည်နေရာ။ ဒိုင်နက်စတီလန်း၊ နံပါတ် ၃၄ – ၃၄/၁၊ ရွာနံပါတ် ၆၊ မဲဆာမြို့နယ်၊ မဲရီမ်ခရိုင်၊ ချင်းမိုင်ပြည်နယ်။
ဝန်ဆောင်မှုသည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်အထိ ဖွင့်လှစ်ပေးမည်ဖြစ်သည်။ မြန်မာအလုပ်သမားများသည် ဝန်ဆောင်မှုစင်တာတစ်ခုကို ရွေးချယ်နိုင်ပြီး၊ ဝန်ဆောင်မှုရယူရန် နှင့် ရက်ချိန်းယူရန် 7-Eleven ကူးသန်းရောင်းဝယ်ရေးဆိုင်ရှိ ကောင်တာဝန်ဆောင်မှုတွင် အခကြေးငွေပေးချေနိုင်သည်။ အခကြေးငွေမှာ ၂,၆၇၀ ဘတ် (နှစ်ထောင်ခြောက်ရာခုနစ်ဆယ်ဘတ်) ဖြစ်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များနှင့် အလုပ်လုပ်ရန် ခွင့်ပြုထားသည့် မြန်မာအလုပ်သမားများနှင့် စိတ်ဝင်စားသူများအား အောက်ပါအချက်အလက်များကို သိရှိစေရန် အသိပေးအပ်ပါသည်။
ကြေညာသည့်ရက်စွဲ။ ၂၀၂၅ ခုနှစ် သြဂုတ်လ ၉ ရက်
(မစ္စတာ ဆုံချိုင်မိုရာကော့စရီဝမ်)
အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်