မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်၌ရုတ်တရက်သေဆုံး ဧပြီ ၂၇ ရက်၊ Migrant Times မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားတစ်ဦးပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်တွင် ရုတ်တရက်သေဆုံးခဲ့ပြီး ရုပ်အလောင်းကိုမိသားစုဆန္ဒအရမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ဖို့စီစဥ်နေတယ်လို့ကပုန်းမြို့ ရှိမြန်မာလူမူကူညီရေးအသင်း (မလေးရှား)ထံကသိရပါတယ်။မလေးရှားနိုင်ငံ ကွာလာစလန်းကောပြည်နယ်၊ စကင်းချမ်းမြို့ မှာနေထိုင်တဲ့ အသက်၄၇နှစ်အရွယ်ဦးကိုလေးမှာဧပြီ၂၄ရက်ကပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းခွင်မှာရုတ်တရက်သွေးတိုး၊နှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တာလို့မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ကထုတ်ပြန်ပါတယ်။…