(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့်

(၃)နှစ်ကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင် တံတား ယနေ့ပြန်ဖွင့်
ဖေဖော်ဝါရီ ၂၀ရက်၊ Migrant Times
- ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်ကစတင်ပြီး (၃)နှစ်နီးပါးကြာပိတ်ထားတဲ့ တာချီလိတ် − မယ်ဆိုင်တံတားကို ဒီနေ့မနက်ပိုင်းက ပြန်ဖွင့်လိုက်ပါတယ်။အဲဒီတံတားဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်အကြား ဆက်သွယ်ထားတာပါ။ဒီနေ့မနက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ပူးပေါင်းပြီးပြန်ဖွင့်ပေးတာတွေ့ရပါတယ်။ဒီမတိုင်ခင် တံတား ပြန်ဖွင့်ဖို့ ပြင်ဆင်နေချိန်က တံတားစစ်ဆေးရေးဂိတ်ကိုဖြတ်သန်းသွားသူတွေကို စစ်ဆေးရာမှာ X −ray စက်သုံးပြီး စစ်ဆေးဖို့ စစ်ကောင်စီထွေအုပ်က စီစဉ်ခဲ့ဖူးပါတယ်။
ဓာတ်ပုံ − สมบัติ คำลือ

