ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၁၇၁ဦး ယနေ့ နေရပ်ပြန်ပို့
ဧပြီ ၂၄ရက် ၊ Migrant Times
- ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၁ ဦးကို ဒီကနေ့မှာ ရနောင်းမြို့ဆိပ်ကမ်းကနေ နေရပ်ပြန်ပို့ခဲ့ပါတယ်။သူတို့ဟာ ထိုင်းနိုင်ငံတောင်ပိုင်းက အချုပ်နဲ့အကျဉ်ထောင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် သက်မှတ်ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံ နေရပ်ကို ပြန်ပို့ပေးခဲ့တာဖြစ်ပါတယ်။ရနောင်းမြို့ဆိပ်ကမ်းကနေ စက်လှေနဲ့ ကော့သောင်းမြို့ကို ပြန်ပို့ပေးခဲ့တာပါ။ အခု နေရပ်ပြန်ပို့ခံရသူတွေထဲမှာ အမျိုးသမီး ၄၅ ဦးနဲ့ အမျိုးသား ၁၂၆ဦး ပါဝင်တယ်လို့ သိရပါတယ်။
- ကော့သောင်းမြို့ကို ရောက်လာတဲ့ အဲဒီလုပ်သားတွေကို ဒေသအာဏာပိုင်တွေက ကိုဗစ်-၁၉ စစ်ဆေးတာ၊ ကိုယ်ရေးအချက်အလက်စစ်ဆေးတာနဲ့ အသိပညာပေးတာတွေပြုလုပ်ပြီး သတ်မှတ်ထားတဲ့ အသွားအလာစောင့်ကြည့်ရေးစင်တာတွေမှာ ထားရှိမယ်လို့ သိရပါတယ်။အခု ၂၀၂၃အတွင်းမှာ ထိုင်းနိုင်ငံ ရနောင်းအချုပ်ကနေ ကော့သောင်းမြို့ကို အချုပ်လွတ်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သုံးကြိမ်ပြန်ပို့ပေးထားပြီး စုစုပေါင်း ၉၇၃ ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
(နေရပ်ပြန်ပို့ခဲ့သည့် မြန်မာလုပ်သားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ – FED)