Site icon Migrant Times

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပထွက်ခွာနေ

လစဉ် မြန်မာနိုင်ငံသား ၄ သောင်းခန့် ပြည်ပထွက်ခွာနေ

ဒီဇင်ဘာ ၃၀ ရက်၊ Migrant Times
  • နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့အထွေထွေအကြပ်အတည်းကြောင့် လစဥ်မြန်မာလုပ်သားဦးရေ ၄၀၀၀၀ နီးပါးဟာ ပြည်ပကို ထွက်ခွာနေတယ်လို့ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) က ထုတ်ပြန်ပါတယ်။နိုင်ငံအတွင်းစစ်ရေးနှင့်အကြမ်းဖက်မှုတွေကြောင့် လုံခြုံမှုမရှိတာ၊ စီးပွားရေးကျဆင်းတာ၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်​ပျောက်ဆုံးတာစတဲ့ အချက်တွေကြောင့် မြန်မာနိုင်ငံကိုစွန့်ခွာသူတိုးလာနေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။
  • မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ အိမ်နီးချင်းထိုင်းနဲ့မလေးရှားနိုင်ငံတွေကို အများဆုံးထွက်ခွာနေကြတာ ဖြစ်ပါတယ်။အဲဒီလို ထွက်ခွာရာမှာ တရားဝင်သွားရောက်မှုရှိသလို တရားမဝင်သွားရောက်မှုတွေလည်းအများအပြားရှိနေတယ်လို့ သိရပါတယ်။လက်ရှိ၂ နှစ်တာကာလအတွင်းမြန်မာနိုင်ငံအတွင်း ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၄ သန်းကျော် ရှိနေပြီး လာမယ့်နှစ်မှာ အရေအတွက်ပိုတိုးလာနိုင်တယ်လို့ IOM က ခန့်မှန်းထားပါတယ်။ 
Exit mobile version