ပြည်တွင်းအလုပ်အကိုင် ဒီနှစ်မှာလည်း ဆက်ရှားပါးနိုင်
ဇန်နဝါရီ ၃ ရက်၊ Migrant Times
- ပြည်တွင်းအလုပ်အကိုင်စျေးကွက်ဟာ အခုနှစ်မှာလည်း ဆက်ပြီး လျော့နည်းကျဆင်းနိုင်တယ်လို့ အလုပ်အကိုင်အေဂျင်စီတချို့က ဆိုပါတယ်။ပွင့်လင်းရာသီရောက်တာတောင် လုပ်ငန်းတိုးချဲ့မှုနဲ့ အလုပ်အကိုင်စျေးကွက် အေးနေတာကြောင့် ဆက်ပြီးအခြေအနေ ကောင်းလာမယ့် အလားအလာ မတွေ့ရဘူးလို့ သူတို့က ဆိုပါတယ်။” စီးပွားရေးလုပ်ငန်းတွေ အေးစက်နေသမျှတော့အလုပ်အကိုင်အခွင့်အလမ်းက တက်နိုင်စရာမရှိဘူး။ ဒီနှစ်လည်း ခက်ခက်ခဲခဲရုန်းကန်ရှာဖွေရဦးမယ့် အခြေအနေရှိတယ် ” လို့ ပြည်တွင်းအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
- နိုင်ငံရေးအခြေအနေကြောင့် လုပ်ငန်းတွေဟာ ဟန်ပြသာသာ လည်ပတ်နေကြပြီး လုပ်သားအသစ်ခေါ်ယူခန့်ထားတာ နည်းပါးနေတယ်လို့ ဆိုပါတယ်။လက်ရှိနိုင်ငံရေးအခြေအနေ မပြောင်းမချင်း ပြည်တွင်းအလုပ်အကိုင်စျေးကွက်လည်း ကောင်းလာနိုင်ခြေ မရှိပါဘူးလို့ တခြားအလုပ်အကိုင်အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကလည်း မှတ်ချက်ပြုပါတယ်။လက်ရှိပြည်တွင်းမှာ အလုပ်အကိုင်လိုအပ်သူတွေပဲအဆမတန်များပြားနေပြီး လုပ်သားခေါ်ယူမှုက အနည်းကျဥ်းသာရှိလို့ မျှတတဲ့အခြေအနေတစ်ရပ် ရှိမနေဘူးလို့သူတို့က ဆိုပါတယ်။နှစ်နှစ်တာကာလမှာ ကဏ္ဍစုံက လုပ်သားဦးရေ တစ်သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသလို ထပ်ပြီးတိုးပွားလာတဲ့အလုပ်လုပ်နိုင်သူဦးရေကြောင့် အလုပ်ရရှိရေးဟာ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေတယ်လို့ အလုပ်သမားရေးရာစစ်တမ်းတွေက ဖော်ပြပါတယ်။