ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်(ပထမအသုတ်)အောင်မြင်သူတွေရဲ့အလုပ်လျှောက်လွှာကို ဒီလကုန် ထုတ်ပေးမယ်

ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်(ပထမအသုတ်)အောင်မြင်သူတွေရဲ့အလုပ်လျှောက်လွှာကို ဒီလကုန် ထုတ်ပေးမယ်

ဇန်နဝါရီ ၂၁ ရက်၊ Migrant Times
  • တောင်ကိုရီးယားအလုပ်အကိုင် ကုန်ထုတ်စာမေးပွဲ(ပထမအသုတ်)အောင်မြင်ထားသူတွေအတွက် အလုပ်လျှောက်လွှာကို ဒီလကုန်မှာ ထုတ်ပေးမယ်လို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က ကြေညာပါတယ်။အလုပ်လျှောက်လွှာတွေကို ရက်အလိုက်ထုတ်ယူရမယ့် ခုံနံပါတ်တွေ ကြေညာပေးထားပြီး ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ရက်အထိ ထုတ်ပေးမှာပါ။အလုပ်လျှောက်လွှာတင်တာတွေကို ဖေဖော်ဝါရီလ ၃ရက်ကနေ ၁၃ ရက်အထိ သတ်မှတ်ထားတဲ့ခုံနံပတ်အလိုက် ပြန်လက်ခံမယ်လို့လည်း အသိပေးထားပါတယ်။
  • အလုပ် လျှောက်လွှာတင်သူတွေဟာ နိုင်ငံကူးလက်မှတ်လက်ကျန်အနည်းဆုံး ၁နှစ်ရှိဖို့၊ ကိုယ်ပိုင်Bank စာရင်းအကောင့်ရှိဖို့၊ ကျန်းမာရေးဆေးစစ်ချက်အောင်မြင်ကြောင်း​‌ထောက်ခံချက်နဲ့နိုင်ငံသားစိစစ်ရေးကတ်ရှိဖို့စတဲ့သတ်မှတ်ချက်တွေလည်း ဖော်ပြထားပါတယ်။အဲဒီစာမေးပွဲကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းက ကျင်းပခဲ့ပြီး ဖြေဆိုသူ ၁၀၀၀၀ ကျော်ရှိတဲ့အနက် ထက်ဝက်ကျော်အောင်မြင်ခဲ့တယ်လို့ POEAရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။လက်ရှိမှာ ကုန်ထုတ်လုပ်ငန်းအတွက် ဒုတိယအသုတ်စာမေးပွဲကို ဖေဖော်ဝါရီလ ၆ရက်ကနေ မေလအထိဆက်လက်ကျင်းပဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။အဲဒါပြီးရင် ဆောက်လုပ်ရေးလုပ်ငန်းအတွက်စာမေးပွဲကို မေလကနေ ဇွန်လအထိဆက်ပြီး ကျင်းပဖို့ရှိနေပါတယ်။                                                                                                   

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *