ကိုရီးယားအလုပ်အကိုင်ကုန်ထုတ်လုပ်ငန်းအတွက် အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းလက်ကျန်ကို ဖြေလျှော့ပေး
ဇန်နဝါရီ ၂၃ ရက်၊ Migrant Times
- ကိုရီးယားအလုပ်အကိုင်ဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်းပထမအသုတ်အောင်မြင်ထားသူတွေအတွက် အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်သက်တမ်းကိုဖြေလျှော့ပေးထားတယ်လို့ သိရပါတယ်။မူလက အလုပ်လျှောက်လွှာထုတ်ယူရာမှာ နိုင်ငံကူးလက်မှတ်ရဲ့လက်ကျန်သက်တမ်းက အနည်းဆုံး ၁နှစ်ရှိရမယ်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။လက်ရှိမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ၊ သက်တမ်းတိုးတာတွေကို ရပ်ဆိုင်းထားတာကြောင့် အလုပ်လျှောက်လွှာထုတ်ယူမယ့်သူတွေ အခက်အခဲရှိနေပြီး အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က သက်တမ်းလက်ကျန် ၁ နှစ်မရှိလည်း ရတယ်ဆိုပြီးပြန်အသိပေးထားပါတယ်။POEAရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ နိုင်ငံကူးလက်မှတ်အခက်အခဲရှိနေတဲ့အကြောင်း အလုပ်လျှောက်လွှာထုတ် မယ့်သူတွေရဲ့မှတ်ချက်ပေးမှုကို ” ၁ နှစ်မပြည့်လည်းအလုပ်လျှောက်လွှာထုတ်/တင်လို့ရပါတယ် ” ဆိုပြီး အကြောင်းပြန်ထားတာ ဖြစ်ပါတယ်။
- အလုပ်လျှောက်လွှာထုတ်တဲ့အခါမှာ စာမေးပွဲဖြေချိန်ကပြသခဲ့တဲ့ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့ထုတ်နိုင်တယ်ဆိုပြီးတော့လည်း ရှင်းလင်းထားပါတယ်။အဲဒီကုန်ထုတ်လုပ်ငန်းပထမအသုတ်စာမေးပွဲအောင်ထားသူတွေအတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီ၃၀ကနေ ဖေဖော်ဝါရီလ ၂ရက်အထိ ထုတ်ယူနိုင်တယ်လို့ POEAက ကြေညာထားပါတယ်။ဒုတိယအသုတ်စာမေးပွဲကိုတော့ ဖေဖော်ဝါရီလ ၆ရက်ကနေ ဧပြီလအထိကျင်းပသွားမှာဖြစ်ပြီး ဖြေဆိုမယ့်သူ ၁၅၀၀၀ နီးပါးရှိတယ်လို့သိရပါတယ်။အလုပ်လျှောက်လွှာထုတ်တဲ့အခါမှာ စာမေးပွဲဖြေချိန်ကပြသခဲ့တဲ့ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့ထုတ်နိုင်တယ်ဆိုပြီးတော့လည်း ရှင်းလင်းထားပါတယ်။အဲဒီကုန်ထုတ်လုပ်ငန်းပထမအသုတ်စာမေးပွဲအောင်ထားသူတွေအတွက်အလုပ်လျှောက်လွှာကို ဇန်နဝါရီလ ၃၀ ရက်ကနေ ဖေဖော်ဝါရီလ ၂ ရက်အထိ ထုတ်ယူနိုင်တယ်လို့ POEAက ကြေညာထားပါတယ်။ဒုတိယအသုတ်စာမေးပွဲကိုတော့ ဖေဖော်ဝါရီလ ၆ရက်ကနေ ဧပြီလအထိ ကျင်းပမှာဖြစ်ပြီး ဖြေဆိုမယ့်သူ ၁၅၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။