Site icon Migrant Times

ပိတ်သိမ်းလိုက်တဲ့စက်ရုံ​တွေက အလုပ်သမားတွေ အလု​ပ်သစ်ရဖို့ ခက်ခဲနေ

ပိတ်သိမ်းလိုက်တဲ့စက်ရုံ​တွေက အလုပ်သမားတွေ အလု​ပ်သစ်ရဖို့ ခက်ခဲနေ

မတ် ၇ ရက်၊ Migrant Times
  • မကြာခင်က စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေအနေနဲ့ နောက်အလုပ်တစ်ခုရဖို့ ခက်ခက်ခဲခဲရှာနေကြရတယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်းက ရွှေပြည်သာမြို့နယ်က GTIG အထည်ချုပ်စက်ရုံနဲ့ GY Sen အထည်ချုပ်စက်ရုံတို့ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမား ၂၀၀၀ ကျော်ဟာအလုပ်လက်မဲ့ဖြစ်ခဲ့ရတာဖြစ်ပါတယ်။”တစ်ပတ်ရှိပြီး အလုပ်လိုက်ရှာတာ မရသေးဘူး။ ကိုယ့်ရှေ့မှာတင် လူကမနည်းဘူး ” လို့ GTIGမှ အလုပ်သမားတစ်ဦးက ပြောပါတယ်။
  • အခုလို အလုပ်သမား အစုအပြုံလိုက် အလုပ်လက်မဲ့ဖြစ်သွားတာကြောင့် လူခေါ်တဲ့စက်ရုံတွေမှာ သွားပြီးစုပြုံလျှောက်နေကြရတာလို့ ဆိုပါတယ်။”ခေါ်တဲ့ရုံက လူနည်းနည်းခေါ်တာ၊လျှောက်မယ့်သူကအဆမတန်များနေတာ။ သင်္ကြန်ပိတ်ရက်လည်း ကပ်လာတော့ အလုပ်သမားခေါ်တာတွေလည်း နည်းလာတယ်” လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
  • ဒီနှစ်အတွင်း စက်ရုံနှစ်ရုံပိတ်သွားသလို နောက်ထပ်စက်ရုံတချို့ပိတ်သိမ်းဖို့ ရှိတယ်ဆိုတဲ့သတင်းကြောင့် အလုပ်လက်မဲ့နှုန်းထပ်တိုးလာမှာကို အလုပ်သမားအဖွဲ့တွေကလည်းစိုးရိမ်နေကြပါတယ်။ပြီးခဲ့တဲ့၂ နှစ်တာကာလအတွင်းမှာလည်း စက်ရုံနဲ့ လုပ်ငန်းတချို့ ပိတ်သိမ်းရပ်နားလိုက်တာကြောင့် အလုပ်လက်မဲ့ဦးရေ ၁ ဒသမ ၅ သန်းကျော် ရှိလာခဲ့တယ်လို့ အလုပ်သမားရေးရာမှတ်တမ်းတွေအရ သိရပါတယ်။

Exit mobile version