Site icon Migrant Times

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ်

မတ် ၃၁ ရက်၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၉၀၀ နီးပါးကို ထပ်ပြီးခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။မြန်မာအလုပ်သမားတွေခေါ်ယူဖို့ ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီတွေက ကမ်းလှမ်းလာတဲ့အလုပ်ခေါ်စာ ၂၈၄ခုကို မတ်လ ၁၆ကနေ ၃၁ရက်အထိစိစစ်ပြီးတဲ့နောက် စာရင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲဒီလို စီစစ်ပြီး အလုပ်ခေါ်စာအရ ခေါ်ယူလိုတဲ့ မြန်မာလုပ်သားဦးရေ ၈၅၅ဦးရှိတယ်လို့လည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
  • ခေါ်ယူမူအများ​ဆုံးအလုပ်တွေက စားသောက်ကုန်ဝန်ဆောင်မူ၊ စိုက်ပျိုးရေးနဲ့ သက်ကြီးရွယ်အိုစောင့် ရှောက်ရေးဂေဟာ လုပ်သားတွေဖြစ်တယ်လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတချို့ထံက သိရပါတယ်။”ခေါ်တာတော့စုံတယ်။ သင်တန်းသားလုပ်သားတွေရော၊ ကျွမ်းကျင်တွေရောပဲ။ကျွမ်းကျင်လုပ်သားခေါ်တာတွေတော့ပိုများလာတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • ဂျပန်နိုင်ငံက ကိုဗစ်အလွန် ပြီးခဲ့တဲ့နှစ်မတ်လလောက်ကစပြီး မြန်မာလုပ်သားတွေကိုဆက်တိုက်ခေါ်ယူလာတာ ဖြစ်ပါတယ်။အဲဒီလို မြန်မာလုပ်သားပြန်လည်ခေါ်ယူတဲ့ ၁နှစ်အတွင်း ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားဦးရေ ၁၅,၀၀၀ ကျော်ရှိပြီလို့လည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
(ပြီးခဲ့သည့်နှစ်အတွင်း JLPT လျှောက်လွှာရောင်းချမှုအပေါ် တိုးဝှေ့၍ ဝယ်ယူကြသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)
Exit mobile version