သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက်

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက်

မေ ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းအလုပ်လက်မဲ့ဦးရေဟာဆက်တိုက်မြင့်တက်နေတယ်လို့ ၂၀၂၀- ၂၀၂၃ လုပ်သားအင်အားစစ်တမ်းအစီရင်ခံစာမှာဖော်ပြထား​ပါတယ်။ပြီးခဲ့တဲ့နှစ်က ပြန်လည်ကောက်ယူခဲ့ပြီး ဒီနှစ်မေလကုန်မှာထုတ်ပြန်လိုက်တဲ့ လုပ်သားအင်အားစစ်တမ်းမှာ အလုပ်လက်မဲ့ဦးရေတိုးလာတဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။နိုင်ငံတဝန်းကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်လုပ်နိုင်သူဦးရေရဲ့ ၀ ဒသမ ၁၇ ရာခိုင်နှုန်းဟာအလုပ်လက်မဲ့​ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။
  • ဒါကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်းဟာ နှစ်အလိုက် နှစ်ဆ နီးပါးစီ မြင့်တက်လာတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။အခုလို အလုပ်လက်မဲ့နှုန်းတိုးလာတာဟာ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်သားဦးရေလျော့ကျလာတာ၊စက်ရုံ/အလုပ်ရုံပိတ်တာ၊ လုပ်သားတွေ ရွှေ့ပြောင်းသွားလာမှုများလာတွေကြောင့်လို့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ဒါ့အပြင် နှစ်စဥ်လုပ်သားဦးရေတိုးလာပြီး လုပ်သားစျေးကွက်နဲ့အလုပ်အကိုင်ရရှိမှု ကွာဟချက်မြင့်မားတာကြောင့်လို့လည်းဆိုပါတယ်။
  • “အခုစာရင်းအရဆိုရင် အလုပ်သမားတွေအတွက်ရော၊တိုင်းပြည်စီးပွားရေးအတွက်ပါ စိုးရိမ်စရာအခြေအနေတွေ့ရတယ်။ ဆတိုးနှုန်းပြန်ကျဖို့ဆိုတာမလွယ်ဘူး”လို့ အလုပ်အကိုင်နှင့်အလုပ်သမားရေးရာကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။အခုလို အလုပ်လက်မဲ့တိုးနှုန်းဟာ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးအခြေအနေဖြစ်လာပြီး နိုင်ငံမတည်ငြိမ်မှုနဲ့ စီးပွားရေးဆိုင်ရာစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်ဖြစ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။မြန်မာနိုင်ငံမှာ ၂ နှစ်ကျော်ကာလအတွင်း အလုပ်ဆုံးရှုံးသူ ၁ ဒသမ ၅သန်းထက်မနည်းရှိနေပြီး တိုးပွားလာတဲ့လုပ်သားအသစ်တွေအတွက် အလုပ်အကိုင်ရရှိဖို့စိန်ခေါ်မှုတွေရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကလည်း ထုတ်ပြန်ထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *