ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော

ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော

ဇွန် ၂ ရက်
ခွန်သောမတ်၊ Migrant Times
  • လက်ရှိတွင် ထိုင်းနိုင်ငံသည် အရေအတွက်နှင့် အရည်အသွေး နှစ်မျိုးလုံးတွင် ပြင်းထန်သော ဖွဲ့စည်းပုံဆိုင်ရာ အလုပ်သမားရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမားနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားသည်။ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းလာစေရန် နှင့် စီးပွားရေးကို မောင်းနှင်ရာတွင် နောက်ပြန်ဆုတ်မှု မဖြစ်စေရန် အဆင့်တိုင်းတွင် အရေးကြီးသော ထုတ်လုပ်မှုနှင့် လူသားအရင်းအနှီးအပေါ် မှီခိုနေရကြောင်း ၎င်းက ဆိုသည်။
  • အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍများ။ စားနပ်ရိက္ခာ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းနှင့် SME လုပ်ငန်းများသည် ပြဿနာများနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ထို့အပြင် ထိုင်းနိုင်ငံ၏စီးပွားရေးကို ပံ့ပိုးရန် လုပ်သားအများအပြား လိုအပ်နေ၍ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်းနိုင်ငံကုန်သွယ်မှုဘုတ်အဖွဲ့တို့မှ အလုပ်သမားဝန်ကြီးဌာန သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။နိုင်ငံကူးလက်မှတ်၏ ဗီဇာအမျိုးအစားနှင့် အသုံးပြုနိုင်သော စာရွက်စာတမ်းများကို ၀န်ဆောင်မှုအားနည်းခြင်းမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ၄ သိန်းကျော် ထိခိုက်ဆုံးရှူံးမှု ဖြစ်နေကြောင်း သိရသည်။ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမား၏ အခက်အခဲများကို စီမံခန့်ခွဲရေးတွင် အရှိန်မြှင့်ဆောင်ရွက်ပေးသည့် အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ကုန်သည်ကြီးများအသင်းက ပြောသည်။
ကိုးကား၊ ဓာတ်ပုံ – Manager Online

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *