ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅၀ ကျော် တရားရင်ဆိုင်ပြီး အလုပ်ထုတ်နစ်နာကြေးရ

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၅၀ ကျော် တရားရင်ဆိုင်ပြီး အလုပ်ထုတ်နစ်နာကြေးရ
- အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၀ ကျော်ဟာ အမှုဖွင့်တိုင်ကြားခဲ့ပြီး ၆ လအကြာ ဒီဇင်ဘာလ ၂၈ ရက်မှာ အလုပ်ထုတ်နစ်နာကြေးရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ စမုဆာခွန်မှာရှိတဲ့ အိမ်သုံးကော်ပစ္စည်းထုတ်စက်ရုံက မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ဦးကို ဉပဒေမဲ့ အလုပ်ထုတ်ခဲ့တာကြောင့် နစ်နာသူ အလုပ်သမားတွေကို ထိုင်းဘတ်ငွေ ၂၄ သိန်းကျော် ပေးဆောင်ရမှာဖြစ်ပါတယ်။
- “ ဆဝါဒီကန်ကနေပြီးတော့ တရားရုံးကိုလွှဲလိုက်တယ်။ တရားရုံးမှာ ၆ လလောက် တရားရင်ဆိုင်ပြီးမှ အလုပ်ထုတ်နစ်နာကြေးရတာပါ။ ကြားထဲမှာ ဘောက်လုပ်ရင်း ခက်ခက်ခဲခဲရပ်တည်ခဲ့ရတယ် ” လို့ နစ်နာသူတစ်ဉီးဖြစ်တဲ့ ကိုချင်းက ပြောပါတယ်။မြန်မာလုပ်သားတွေက အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုမှုအဆင်မပြေတာကြောင့် အလုပ်ရှင်ကို ထိုင်းအလုပ်သမားရုံးမှာ အမှုဖွင့်ခဲ့ပေမယ့် အလုပ်ရှင်ဘက်က အလုပ်သမားရုံးရဲ့ ဆင့်ခေါ်မှုတွေကို အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပါတယ်။လုပ်သက်အလိုက်ပေးလျော်ရမယ့်ငွေကြေးက များပြားတာကြောင့် အကြေမပေးဆောင်နိုင်ဘဲ အလုပ်သမားတွေရဲ့ ဘဏ်အကောင့်တွေကို လစဉ် အရစ်ကျထည့်သွင်းပေးဆောင်သွားဖို့ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။