Site icon Migrant Times

မလေးရှားအစိုးရက မြန်မာလုပ်သားတွေအတွက် အလုပ်ပါမစ် ပြန်ချပေးဖို့ စီစဥ်

မလေးရှားအစိုးရက မြန်မာလုပ်သားတွေအတွက် အလုပ်ပါမစ် ပြန်ချပေးဖို့ စီစဥ်

ဇန်နဝါရီ ၁၄ ရက်၊ Migrant Times
  • မလေးရှားအစိုးရက မြန်မာအလုပ်သမားတွေအတွက်အလုပ်ပါမစ်အသစ်ချပေးဖို့ စီစဥ်နေတယ်လို့ အဲဒီနိုင်ငံသတင်းတွေအရ သိရပါတယ်။မလေးရှားနိုင်ငံမှာ ရောက်ရှိနေပြီး အထောက်အထားမဲ့လုပ်နေသူတွေထဲက နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေကို ပါမစ်ချပေးဖို့ စီစဥ်နေတာလို့ ဆိုပါတယ်။” ပါမစ်လျှောက်ခွင့် စပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ဘယ်တော့ချပေးမယ်ဆိုတာကတော့ မသိရသေးဘူး။ အလုပ်သမားတွေကတော့ အဲဒီအစီအစဥ်ကို စောင့်နေကြတယ် ” လို့ မလေးရှားရောက် မြန်မာလုပ်သားအရေးကူညီနေသူ မသူသူအောင်က ပြောပါတယ်။အဲဒီပါမစ်ကို အလုပ်ရှင်က လျှောက်ပေးနိုင်သလို အေဂျင်စီတွေကလည်း အလုပ်သမားတွေကိုယ်စားလျှောက်ပေးနိုင်တယ်လို့ သိရပါတယ်။
  • လက်ရှိမလေးရှားနိုင်ငံရောက်မြန်မာအလုပ်သမားအများအပြားဟာ နည်းလမ်းမျိုးစုံနဲ့ရောက်ရှိလုပ်ကိုင်နေတာဖြစ်ပြီး အထောက်အထားမရှိတာကြောင့်လုံခြုံမူမရှိဘဲမကြာခဏဖမ်းဆီးခံနေကြရတာဖြစ်ပါတယ်။အလုပ်ပါမစ်သာရရင် လုပ်ငန်းခွင်အတွင်းနဲ့လုပ်ငန်းခွင်ပြင်ပမှာ ဖမ်းဆီးခံရမှာကို စိုးရိမ်စရာနည်းသွားမှာဖြစ်တယ်လို့ အဲဒီနိုင်ငံရောက်မြန်မာအလုပ်သမားတွေကဆိုပါတယ်။အောက်လမ်းကခိုးဝင်လာတဲ့ နိုင်ငံကူးလက်မှတ်မရှိသူတွေအတွက်တော့ ပါမစ်ပေးမယ့်အစီအစဥ်မှာ အကျုံးမဝင်နိုင်ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။လက်ရှိမလေးရှားနိုင်ငံမှာ မြန်မာလုပ်သား တစ်သန်းကျော်ရှိပြီး ထက်ဝက်နီးပါးဟာ အထောက်အထားမဲ့လုပ်သားတွေဖြစ်တယ်လို့ အလုပ်သမားရေးရာမှတ်တမ်းတွေအရ သိရပါတယ်။
Exit mobile version