ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ

ဘန်ကောက်သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးဖို့ ရက်ချိန်းလာယူသူ ၄၁၉၅ ဦးရှိ

ဇန်နဝါရီ ၁၄ ရက်၊ Migrant Times
  • ဘန်ကောက်သံရုံးမှာ နိုင်ငံကူးလက်မှတ် (Passport) သက်တမ်းတိုးဖို့ ဒီနေ့ ရက်ချိန်းလာယူတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား ၄၁၉၅ ဦးရှိတယ်လို့ အဲဒီသံရုံးက သတင်းထုတ်​ပြန်ပါတယ်။ဘန်ကောက်မြို့က မြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင်ယူသူတွေ ဇန်နဝါရီလ ၇ ရက်ကအဆမတန်များပြားခဲ့ပြီး တန်းစီ တိုကင်ယူရင်း မူးမေ့လဲသူတွေပါ ရှိခဲ့တာပါ။
  • ဒီနေ့ ရက်ချိန်းတိုကင်ပေးရာမှာ မြန်မာသံရုံးတာဝန်ရှိသူတွေက လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ပေးတာ၊ တိုကင် လာရောက်ယူသူတွေက ပူးပေါင်းကူညီ​ပေးတာ၊ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေကအကူအညီပေးတာတွေကြောင့် ၄၁၉၅ ဦးကို စနစ်တကျ ရက်ချိန်းပေးနိုင်ခဲ့တယ်လို့ သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။အပတ်စဥ် စနေ့နေ့တိုင်း ရက်ချိန်းတိုကင်ထုတ်ပေးမယ်လို့လည်း သံရုံးက ကြေညာထားပါတယ်။
(ဒီနေ့ ဘန်ကောက်မြို့၊ မြန်မာသံရုံးတွင် ပတ်စ်ပို့သက်တမ်းတိုးရက်ချိန်းတိုကင် လာယူသည့် ထိုင်းရောက်မြန်မာများကို တွေ့ရစဥ်၊ ဓာတ်ပုံ-ဘန်ကောက်မြို့၊ မြန်မာသံရုံး)                                                                                                                                                                                                                                 

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *