Site icon Migrant Times

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ

CDM တွေကို MoU စနစ်နဲ့ ပြည်ပပို့နေတယ်ဆိုပြီး အေဂျင်စီတချို့ကို စစ်ဆေးနေ

ဖေဖော်ဝါရီ ၉ ရက်၊ Migrant Times
  • CDM လုပ်ထားသူတွေကို MOU စနစ်နဲ့ ပြည်ပကိုပို့ဆောင်နေတယ်ဆိုပြီး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတချို့ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီလက နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးတဲ့ ကုမ္ပဏီ ၁၄၃ ခုကို ပြည်ထဲရေး ဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းရာမှာ CDM ဝန်ထမ်းတွေအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေခြင်းကြောင့်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒီကုမ္ပဏီတွေထဲမှာ ၁၃၃ ခုက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဖြစ်ကြပါတယ်။
  • “ သူတို့က သံသယရှိတယ်ပေါ့ဗျာ။ ဒါကြောင့် စစ်ဆေးတယ်ပေါ့။ စစ်ဆေးပြီးတော့လည်း အပြစ်ရှိ၊ မရှိလည်းမသိရဘူး။ အလုပ်သမားပို့ဖို့ကိုလည်း ပိတ်ထားတုန်းပဲ။ ဘာဆက်လုပ်ရမှန်းလည်း မသိဘူး ” လို့ စစ်ဆေးခံခဲ့ရတဲ့ အေဂျင်စီတစ်ခုရဲ့ မန်နေဂျင်းဒါရိုက်တာက ဆိုပါတယ်။လက်ရှိအချိန်မှာ MoU စနစ်နဲ့ ထိုင်းနိုင်ငံကိုလာရောက်ကြတဲ့ အလုပ်သမားတွေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အခက်အခဲတွေဖြစ်နေပြီး သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ အစိုးရဘက်က တာဝန်ယူမှုမရှိ သလောက်နည်းတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
  • ဒါ့အပြင် အေဂျင်စီ ၁၀၀ ကျော် အမည်ပျက်စာရင်းသွင်းခံရတာ၊ ပြည်တွင်းက ပတ်စ်ပို့ရုံးတွေပိတ်ထားတာ စတာတွေကြောင့် ထိုင်းနိုင်ငံတွင်းကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။                                                           
Exit mobile version