လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား

လုပ်အားခလိမ်ခံရတဲ့အငြိုးနဲ့ ထိုင်းအလုပ်ရှင်မိသားစုဝင် ၅ဦးကို မြန်မာအလုပ်သမားသုံးဦးက သတ်ဖြတ် ထွက်ပြေးသွား

ဖေဖော်ဝါရီ ၁၂ ရက်၊Migrant Times
  • ထိုင်းနိုင်ငံမှာ ရသင့်ရထိုက်တဲ့ လုပ်ခလစာတောင်းခံထားမှုကို သူဌေးဖြစ်သူကမပေးဘဲ လုပ်အားခလိမ်လည်တယ်ဆိုပြီးပြောတာကြောင့် မြန်မာအလုပ်သမားသုံးဦးက အလုပ်ရှင်မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ကာ ထိုင်း – မြန်မာနယ်စပ်ကို ထွက်ပြေးသွားပါတယ်။ဖေဖော်ဝါရီ ၈ ရက်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ဝမ်ကျောင့်မြို့နယ်၊ ချင်ထွန်ကျေးရွာ၊ အုပ်စု (၁၁) ဘန့်ပန်ဆန်ကစီရွာတောင်ကုန်းပေါ်က ဂျင်းစိုက်ခင်းခြံတစ်ခုပေါ်မှာ လုပ်အားခကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရှင်နဲ့ မြန်မာအလုပ်သမားသုံးဦးကြား ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်က အဲ့ဒီဒေသမှာရှိတဲ့ ဂျင်းစိုက်ခင်းခြံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား သားအဖ ၃ ဦးက မိမိရသင့်ရထိုက်တဲ့ လုပ်အားခလစာတောင်းခံထားမှုအပေါ် သူဌေးဖြစ်သူကမပေးဘဲ လိမ်လည်ခံရတယ်လို့ဆိုပြီး ပြောသောကြောင့် အငြိုးနဲ့ အဲ့ဒီအလုပ်ရှင်နဲ့ မိသားစုဝင် ၅ ဦးကို သတ်ဖြတ်ပြီး အမှိုက်အိတ်မဲနဲ့ထုတ်ကာ ခြံနားကတနေရာမှာ စွန့်ပစ်ခဲ့ပါတယ်။သတ်ဖြတ်ခံရသူတွေကနက် အလုပ်ရှင်ရဲ့ အမျိုးသမီးဖြစ်သူနဲ့ (၃)လသားအရွယ်ကလေးလေးတစ်ဦး၊ (၇)နှစ်သားအရွယ်ကလေးတစ်ဦးနဲ့ (၁၀) အရွယ်ကလေးတစ်ဦးတို့ ပါဝင်တာဖြစ်ပါတယ်။
  • သူတို့သမိသားစုဟာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တောင်ပေါ်ဒေသမှာနေထိုင်တဲ့ မုံးလူမျိုးစုဖြစ်ကြတယ်လို့ သိရပါတယ်။အာဏာပိုင်တွေရဲ့စစ်ဆေးသိရှိချက်အရ အဲဒီအလုပ်ရှင်ဟာလည်း အရင်က မူးယစ်ဆေးဝါးကိုင်ဆောင်ရောင်းချအမှုနဲ့ အမှုဖွင့်ခံထားရသူတစ်ဦးဖြစ်ပြီး ယခုအခင်းဖြစ်သွားတဲ့ ဒေသမှာ ပိုက်ဆံသုံးစွဲနိုင်သူဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအလုပ်ရှင်ဟာ အလုပ်သမားတွေပေါ် စကားပြောစေခိုင်းမှုမောက်မာတယ်လို့လည်း သိရှိရပါတယ်။ဒါ့အပြင် သတ်ဖြတ်ခဲ့တဲ့ တရားခံ မြန်မာအလုပ်သမား ၃ ဦးအနက်က သားဖြစ်သူနှစ်ဦးက မူးယစ်ဆေးဝါးသုံးစွဲတတ်လေ့ရှိကြောင်းလည်း သိရှိရပါတယ်။ ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေမှာ အဲဒီမြန်မာလုပ်သားနှစ်ဦးဟာ မူးယစ်ဆေးဝါးဆွဲသူတွေဖြစ်ကြောင်းရေးသားထားပြီး ကိုယ့်ရဲ့လုပ်ခလစာမရလို့အပါဝင် ဆေးဝယ်ဖို့ပိုက်ဆံမရှိလို့ စိတ်ညစ်မှုနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
  • ယခုခါ တရားခံသုံးဦးစလုံးက သဘာဝလမ်းကြောင်းသုံးပြုပြီး အခင်းဖြစ်ပွားတဲ့ ဝမ်ကျောင့်မြို့နယ်နယ်နမိတ်ကနေ ဖို့ဖရာ့မြို့ကိုထွက်ပြေးသွားခဲ့ကာ ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ကို ထွက်ပြေးသွားခဲ့ပြီလို့ သိရပါတယ်။ထိုင်းအာဏာပိုင်တွေက မြန်မာပြည်ဘက်ခြမ်းကသက်ဆိုင်ရာတွေနဲ့ ပူးပေါင်းချိတ်ဆက်ပြီး တရာခံ မြန်မာအလုပ်သမား ၃ ဦးကို ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။                                                                                                           

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *