Site icon Migrant Times

ဖိလစ်ပိုင်နိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့

ဖိလစ်ပိုင်နိုင်ငံကို လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့

ဖေဖော်ဝါရီ ၂၄ ရက်၊ Migrant Times
  • ဖိလစ်ပိုင်နိုင်ငံက အွန်လိုင်းဂိမ်းလုပ်ငန်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံရပြီး လုပ်ငန်းခွင်မှာ အဓမ္မခိုင်းစေခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးကို ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ကယ်တင်ခဲ့ပြီး သူတို့ထဲက ၁၀ ဦးကို ဒီကနေ့မှာ မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးအနက် ၄ ဦးကိုဖေဖော်ဝါရီလ ၁၅ ရက်က မြန်မာနိုင်ငံဆီ ပြန်ပို့ခဲ့ပြီး ဒီနေ့မှာ ၁၀ ဦးကို ထပ်မံပို့ဆောင်ခဲ့တာဖြစ်တယ်လို့ မနီလာမြို့၊ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။
  • သူတို့ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဝန်ကြီးဌာနအောက်ရှိ Inter-Agency Council Against Trafficking (IACAT)ဌာန အပါအဝင် သက်ဆိုင်ရာဌာနများ၊ International Organization for Migration (IOM) ၊ International Justice Mission တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ကျန်ရှိနေသူတွေကို ပြန်ပို့ဖို့လည်း ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
(ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေရပ်ပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- မနီလာမြို့၊ မြန်မာသံရုံး)
Exit mobile version