Site icon Migrant Times

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ်

မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်ပြန်ထုတ်ပေးမယ်

​ဖေဖော်ဝါရီ ၂၅ ရက်၊ Migrant Times
  • မလေးရှားနိုင်ငံမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးတာကို ယာယီရပ်နားထားရာကနေ မတ်လ ၁ ရက်မှာ ပြန်ပြီးဆောင်ရွက်ပေးမယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ နည်းပညာအဆင့်မြှင့်တင်မှုတွေလုပ်ဖို့ရှိတာကြောင့်ဆိုပြီး ဖေဖော်ဝါရီလ ၆ရက်ကစပြီး ရပ်နားထားခဲ့တာဖြစ်ပါတယ်။အဲဒီလိုရပ်နားထားချိန်မှာ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ရက်ချိန်းယူထားသူတွေကို သက်မှတ်နေ့အလိုက် မတ်လ ၁ ရက်ကစပြီး ပြုလုပ်ပေးမယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • ရက်ချိန်းရယူထားသူတွေ သံရုံးကို လာရမယ့်ရက်ကိုလည်း ထုတ်ပြန်ချက်မှာ ပူးတွဲဖော်ပြထားပါတယ်။ပြည်တွင်းမှာလည်း ​နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့လုပ်ငန်းတွေကို ဒီဇင်ဘာလကစပြီး ရပ်နားထားခဲ့ရာကနေ ဒီနေ့မှာ ရက်ချိန်းလျှောက်ထားတာတွေ ပြန်လက်ခံနေပါတယ်။အဲဒီလို နိုင်ငံကူးလက်မှတ်ထုတ်ပေးတာ ရပ်ဆိုင်းထားချိန်အတွင်း အရေးပေါ်လိုအပ်သူတွေ အခက်အခဲကြုံခဲ့ပြီးဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

Exit mobile version