Site icon Migrant Times

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ်

တောင်ကိုရီးယားမှာ ဗီဇာမဲ့ နိုင်ငံခြားသားတွေ ဖမ်းမယ်

မတ် ၁ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာပြီး ဗီဇာသက်တမ်းကျော်လွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေကို မတ်လ ၂ ရက်ကနေ လာမယ့် ဧပြီလ ၃၀ ရက်အထိ စီမံချက်ကာလ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူမယ်လို့ သိရပါတယ်။ဗီဇာမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးတဲ့ စီမံချက်ဟာ တစ်နှစ်ကို လေးကြိမ်ခန့်ရှိပြီး အခုနှစ်အတွက် ဒါဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
  • မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဗီဇာသက်တမ်းတိုးနိုင်ဖို့အတွက် တောင်ကိုရီးယား အာဏာပိုင်တွေက ဖြေလျှော့မှုတချို့ ပြုလုပ်ပေးထားတာကြောင့် ဒီစီမံချက်မှာ အထောက်အထားမခိုင်လုံလို့ ဖမ်းမိတာမျိုးရှိရင် မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်ချေရှိတယ်လို့ တောင်ကိုရီးယားရောက် မြန်မာလူမှုရေး အသင်းတွေက သတိပေးထားပါတယ်။
  • လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဝန်ကြီးဌာန၊ ရဲဝန်ထမ်းတွေ၊ ပင်လယ်ကမ်းခြေစောင့် ရဲဝန်ထမ်း၊ အိုးအိမ်နဲ့ ကုန်လမ်းကြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဖမ်းဆီးမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလ၂၆ ရက်က တောင်ကိုရီးယား အာဏာပိုင်တွေမှာ သတင်းထုတ်ပြန်ထားပါတယ်။ကိုရီးယားနိုင်ငံသား​တွေရဲ့ အလုပ် အကိုင်ကို ထိပါးစေတဲ့ လုပ်ငန်း၊ ဗီဇာမဲ့ နိုင်ငံခြားသား လုပ်သားတွေကို အလုပ်ပေးထားတဲ့ လုပ်ငန်း၊ ကိုရီးယားနိုင်ငံကို တရားမဝင် လူသွင်းမှု၊ တရားမဝင် အလုပ်အကိုင် ရှာဖွေပေးသူ​တွေကို အဓိက ဖမ်းဆီးမှာလို့ သိရပါတယ်။

Exit mobile version