ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံပြီး လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပြန်ပို့
မတ် ၂ ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လွတ်ရက်စေ့နေတဲ့ မြန်မာနိုင်ငံသား ၁၃၈ ဦးကို မြန်မာတာဝန်ရှိသူတွေဆီ ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ပြန်လွှဲပေးခဲ့ပါတယ်။မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဉီးတင်ရွှေ၊ မြဝတီမြို့ လဝကရုံး လ/ထ ညွှန်ကြားရေးမှူး ဉီးဝေမျိုးသက် ဉီးဆောင်တဲ့ အဖွဲ့ဆီကို အဲဒီမြန်မာနိုင်ငံသား ၁၃၈ ဦးကို နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှာ လွှဲပြောင်းခဲ့တယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
(ဓာတ်ပုံ-မြန်မာသံရုံး၊ ဘန်ကောက်)