Site icon Migrant Times

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာနဲ့ပတ်သက်တဲ့သတင်းအမှားဖြန့်သူတွေကို အရေးယူမယ်လို့ ကြေညာ

နိုင်ငံကူးလက်မှတ်ထုတ်ပေးတာနဲ့ပတ်သက်တဲ့သတင်းအမှားဖြန့်သူတွေကို အရေးယူမယ်လို့ ကြေညာ

မတ် ၁၃ ရက်၊ Migrant Times
  • နိုင်ငံကူးလက်မှတ်ထုတ်ပေးတာနဲ့ပတ်သက်တဲ့ သတင်းအမှားဖြန့်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူမယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။မြန်မာသံရုံးအနေနဲ့ ညွန်ကြားချက်တွေနဲ့အညီ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အသစ်လျှောက်ထားတာတွေကို ရက်ချိန်းအလိုက် နေ့ချင်းပြီးဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ မသိနားမလည်သူတွေကို လိမ်လည်လှည့်ဖြားဖို့ရည်ရွယ်ပြီး လူမှုကွန်ရက်တွေကတစ်ဆင့် မမှန်သတင်းဖြန့်ဝေမှုတွေရှိနေတယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးနေမှုနဲ့ပတ်သက်လို့ သိရှိသင့်တဲ့အချက်တွေကိုလည်း ထုတ်ပြန်ပေးနေပြီး ထပ်မံသိရှိလိုပါက ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။သံရုံးက အခုလိုထုတ်ပြန်ချက်နဲ့ သတိပေးမှုပြုလုပ်ပေမယ့်မြေပြင်အခြေအနေနဲ့တော့ ကွဲလွဲမှုတွေရှိနေတယ်လို့ မလေးရှားရောက်မြန်မာနိုင်ငံသားတချို့က ဆိုပါတယ်။” ရက်ချိန်းတွေကို လအကြာကြီးခွာပေးနေတာတွေကို ကြုံနေကြရတာ။ အဲဒီလို အချိန်ကွာတော့သက်တမ်း ကျော်သွားတယ်။ သက်တမ်းကျော်တော့ ဗီဇာသက်တမ်းတိုးဖို့ကို ခက်နေကြတာ” လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။
  • လက်ရှိမှာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အတွက်ရက်ချိန်းပေးတဲ့အခါ ၂၀၂၄ ခုနှစ်လောက်အထိ ရွှေ့ထားတာတွေရှိနေပြီး အမြန်လိုချင်ရင် ငွေထပ်ပေးရတာမျိုးတွေဖြစ်နေတာလို့ မြန်မာနိုင်ငံသားတွေက ဆိုပါတယ်။မလေးရှားနိုင်ငံမှာ မြန်မာလုပ်သား နှစ်သန်းနီးပါးရောက်ရှိလုပ်ကိုင်နေကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Exit mobile version