ထိုင်းနိုင်ငံတောတွင်းတစ်နေရာမှာ မြန်မာလုပ်သားလို့ယူဆရတဲ့ အလောင်း သုံးလောင်းတွေ့

ထိုင်းနိုင်ငံတောတွင်းတစ်နေရာမှာ မြန်မာလုပ်သားလို့ယူဆရတဲ့ အလောင်း သုံးလောင်းတွေ့

မတ် ၁၅ ရက်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တောတွင်းတစ်နေရာမှာ မြန်မာလုပ်သားတွေလို့ ယူဆရတဲ့ သတ်ဖြတ်စွန့်ပစ်ခံထားရတဲ့ အလောင်း သုံးလောင်း တွေ့ရှိခဲ့ပါတယ်။ဒီနေ့မနက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ စုံခလာခရိုင်၊ ဘန်ကလမ်မြို့၊ အုပ်စု ၈ ထာ့ချန်းကျေးရွာ တောအနီး ဖြတ်သန်းသွားလာတဲ့ ဒေသခံက သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို တွေ့‌ရှိတာကြောင့် သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားခဲ့တာပါ။
  • သက်ဆိုင်ရာအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာအ၀တ်၊ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ အမျိုးသားရုပ်အလောင်း ၃ လောင်းကို တွေ့မြင်ခဲ့ပြီး တချို့က ပုဆိုး၀တ်ဆင်ထားတာကြောင့် ထိုင်းမဟုတ်ကြောင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။ဘယ်သူဘယ်ဝါဖြစ်ကြောင်းပေါ်ပေါက်ဖို့နဲ့ အမှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ သက်ဆိုင်ရာ ဘန်ကလမ်ရဲစခန်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *