ထိုင်းမှာ တရားမဝင်မြန်မာလုပ်သား တင်ဆောင်လာတဲ့ကား ဖမ်းဆီးခံရ

ထိုင်းမှာ တရားမဝင်မြန်မာလုပ်သား တင်ဆောင်လာတဲ့ကား ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ မင်မြို့၊ ဝမ်ဒို့ကျေးရွာ စမ်ဖရန်မှာ မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ပစ်ကပ်ကားတစ်စီး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။အဲဒီကားဟာ စစ်ဆေးရေးဂိတ်ကနေ မောင်းပြေးပေမယ့်ဝမ်ဖာရဖီမြို့အနီးမှာ ဖမ်းဆီးခံခဲ့ရတာပါ။ကားပေါ်မှာ မြန်မာလုပ်သား ၁၂ ဦး၊ ကျား ၄ ဦး၊ မ ၇ ဦး၊ ကလေးငယ်တစ်ဦးကို လိုက်ပါလာတယ်လို့ သိရပါတယ်။စံခလဘူရီးမြို့၊ ပရန်ဖဲကျေးရွာကနေ ကန်ကျနဘူရီမြို့ကို သွားရောက်ပို့ဆောင်မှာဖြစ်ပြီး ပို့ဆောင်ခ ဘတ် ၇၀၀၀ ကနေ ၈၀၀၀ထိရရှိပြီး ၄ ကြိမ်ခန့် ပို့ဆောင်ဖူးတယ်လို့ ကားသမားက ထွက်ဆိုခဲ့ပါတယ်။ဖမ်းဆီးမိသူအားလုံးကို ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ကန်ကျနဘူရီ ရဲစခန်းကို ပို့ဆောင်မှာဖြစ်တယ်လို့ ကျိုချိုသတင်းဌာနမှာ ဖော်ပြထားပါတယ်။