ထိုင်းက ကျွမ်းကျင်လုပ်သားတွေ ဟောင်ကောင် လိုအပ်နေတယ်လို့ဆို
ဧပြီ ၁၉ ရက်၊ Migrant Times
- ဧပြီလ ၁၉ ရက်က ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Suchart Chomklin ကို ဟောင်ကောင် အလုပ်ရှင်များအဖွဲ့ ကောင်စီဥက္ကဋ္ဌ Mr. Alkin-Sheng Wai Gong နဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်စဥ် ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဟောင်ကောင် အလုပ်ရှင်များအဖွဲ့ ကောင်စီဥက္ကဋ္ဌ Mr. Alkin-Sheng Wai Gong နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းကျွမ်းကျင်လုပ်သားဈေးကွက် ဟောင်ကောင်မှာ တိုးချဲ့မှုအစီအစဉ် နည်းလမ်းများကို ထိုင်း အလုပ်သမားရေးရာ၀န်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
- အခုနှစ် ဖေဖော်ဝါရီလအစက ဟောင်ကောင်မှာ ထိုင်းအလုပ်သမားဈေးကွက် တိုးချဲ့ရန် ဆွေးနွေးခဲ့ပြီး ထိုင်းနှင့် ဟောင်ကောင်ကြား ထိုင်းအလုပ်သမားများ တင်သွင်းခြင်းဆိုင်ရာ တရားဝင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်ကို မစ္စတာ Suchart က ကြိုဆိုခဲ့ပါတယ်။ဟောင်ကောင်မှာ သူနာပြုစောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်သူ၊ နည်းပညာရှင်တွေနဲ့ အင်ဂျင်နီယာများလိုအပ်နေပြီး နှစ်နိုင်ငံလုံးက အလုပ်သမားတင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်မယ်လို့ သိရပါတယ်။
- ဟောင်ကောင် အလုပ်ရှင်များ၏ လိုအပ်ချက်များနဲ့ ကိုက်ညီစေဖို့ ဝန်ထမ်းခေါ်ယူမှုနဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးကူညီပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ ထိုင်းအလုပ်သမားဝန်ကြီးက ဆိုပါတယ်။ထိုင်း အလုပ်သမားဝန်ကြီးနဲ့ ဟောင်ကောင် အလုပ်ရှင်များအဖွဲ့ ကောင်စီ ဥက္ကဋ္ဌ အဖွဲ့ဟာ ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းများသို့လည်း သွားရောက် လေ့လာခဲ့ပါတယ်။ဟောင်ကောင်က စက်မှုလုပ်ငန်းအများအပြားမှာထုတ်လုပ်မှုအခြေခံတွေကို တိုးချဲ့လျက်ရှိတာကြောင့်ထိုင်းအလုပ်သမားတွေကို ဟောင်ကောင်အလုပ်ရှင်တွေ က အလိုရှိနေပါတယ်။