ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း သဘောတူညီချက်ရ

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်း သဘောတူညီချက်ရ

ဧပြီ ၂၁ ရက်၊ Migrant Times
  • ထိုင်းအစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရတို့ကြား ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာနားလည်မှု သဘောတူ စာချွန်လွှာကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap ပြည်နယ်၊ Angkor Paradise Hotel မှာ အခုသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ထိုင်းအစိုးရနဲ့ ကမ္ဘောဒီးယားအစိုးရတို့ကြား အလုပ်သမား အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ သဘောတူညီချက်ကို ပြင်ဆင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာ ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ကမ္ဘောဒီးယားကနေ ထိုင်းကို အလုပ်သမား စေလွှတ်လက်ခံရေး လုပ်ငန်းစဉ်နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ တင်သွင်းရာမှာ အွန်လိုင်း ပလက်ဖောင်းကို အသုံးပြုဖို့လည်း ထိုင်းဘက်က မူအားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။
  • ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး ရိတ်သိမ်းရာသီမှာ ကမ္ဘောဒီးယား အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းပိုရအောင် အားပေးကူညီပေးဖို့ ကမ္ဘောဒီးယားနိုင်ငံဘက်က ညွှန်ကြားရေးမှူးချုပ် မစ္စတာ ပါရို့ဇောတိကသီရက ပြောပါတယ်။အခုလို အစိုးရချင်း အလုပ်အကိုင်ဆိုင်ရာ သဘောတူညီချက်စာချွန်လွှာကို လက်မှတ် ရေးထိုးထားတဲ့အတွက် ပိုမိုထိရောက်တဲ့ အလုပ်အကိုင်တွေ ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင်နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ အလုပ်သမား အခွင့်အရေး အကာအကွယ်ရရှိဖို့၊ ထိုင်းနိုင်ငံက လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်နဲ့အညီ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်မယ်လို့လည်း သိရပါတယ်။
  • ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယား အလုပ်သမား​တွေအတွက် အထောက်အထား စာရွက်စာတမ်း ထုတ်ပေးရာမှာ ခရီးသွားစာရွက်စာတမ်း (TD) ကို ဖနွမ်းပင်၊ Battambang နဲ့ Banteay Meanchey က One Stop Services စင်တာတွေမှာ လွယ်ကူစွာ ရယူနိုင်ပါတယ်။ခရီးသွားစာရွက်စာတမ်းမရှိတဲ့ ကမ္ဘောဒီးယား အလုပ်သမားတွေကတော့ နယ်စပ်ဖြတ်ကျော်စာရွက်စာတမ်းတွေကို ထိုင်းနိုင်ငံက ကမ္ဘောဒီးယားသံရုံးမှာ ရယူနိုင်ပါတယ်။ထိုင်းကနေ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မယ်ဆိုရင်တော့ One Stop Services Center မှာ Overseas Cambodia Worker Card (OCWC) နဲ့ Travel Documents (TD)၊ Travel Document (TD) အသစ်တွေကို ပြုလုပ်နိုင်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *