ထိုင်းနိုင်ငံ စီးပွားရေး ပြန်ကောင်းလာပြီး အလုပ်လက်မဲ့နှုန်း ကျဆင်း

ထိုင်းနိုင်ငံ စီးပွားရေး ပြန်ကောင်းလာပြီး အလုပ်လက်မဲ့နှုန်း ကျဆင်း
- ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၁ ရာခိုင်နှုန်းအောက်ကို ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီးချုပ်ရုံး လက်ထောက်ပြောရေးဆိုခွင့်ရှိသူ မစ္စ ထရိုင်ဆူလီ က အမျိုးသားစာရင်းအင်းရုံး (NSO)ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုနဲ့အညီ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ အလုပ်သမားအခြေအနေကို အစီရင်ခံတင်ပြထားတယ်လို့ ဆိုပါတယ်။ထိုင်း အလုပ်ရှင်ဦးရေ တိုးလာပြီး အလုပ်လက်မဲ့နှုန်းဟာ COVID-19 မဖြစ်ပွားမီနဲ့ အလားတူအဆင့် ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
- ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ ချမှတ်ထားတဲ့ ရည်မှန်းချက်၊ မူဝါဒနဲ့အညီ ပြည်သူတွေရဲ့အလုပ်အကိုင်နဲ့ဝင်ငွေကို ထိန်းသိမ်းဖို့ဦးစားပေးဆောင်ရွက်ရမယ်လို့လည်း မစ္စ ထရိုင်ဆူလီ က ဆက်ပြောပါတယ်။COVID-19 ကပ်ရောဂါအခြေအနေကနေ ထိုင်းအလုပ်သမားစျေးကွက် ဖွဲ့စည်းပုံဟာ သိသိသာသာပြောင်းလဲလာပြီး လုပ်ငန်းရှင်တွေဟာ လူသားလုပ်အားကို လျှော့ချပြီး နည်းပညာစွမ်းရည်ကို ပိုသုံးလာပါတယ်။ဘွဲ့ရ လူငယ် အလုပ်သမား အသစ်များ ပါဝင်ပြီး ကိုယ်ပိုင်လုပ်ငန်း တီထွင်ဖန်တီးမှု အလားအလာ ပိုများလာပါတယ်။စီးပွားရေး တဖြည်းဖြည်း ပြန်လည်နာလန်ထူလာမှုကို ဂရုစိုက်ပြီး မလိုအပ်ဘဲ ပြင်းပြင်းထန်ထန် လှုံ့ဆော်မှု မသုံးဖို့၊ တိုးတက်မှုနဲ့ တည်ငြိမ်မှုကြား ဟန်ချက်ညီစေဖို့ တခြားစီးပွားရေး ဘေးထွက်ဆိုးကျိုးတွေ မဖြစ်ပေါ်စေဖို့ အာရုံစိုက်ဖို့လည်း မစ္စ ထရိုင်ဆူလီက အကြံပြုပါတယ်။