တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး ရုတ်တရက် နှလုံးရပ်သေဆုံး

တောင်ကိုရီးယားမှာ မြန်မာလုပ်သားတစ်ဦး ရုတ်တရက် နှလုံးရပ်သေဆုံး

ဧပြီ၂၆ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံ ချောင်နန်မြို့ရှိ စက်ရုံမှာ မြန်မာလုပ်သားတစ်ဦး ဒီကနေ့(ဧပြီ ၂၆)မနက် ၆နာရီခန့်က လုပ်ငန်းခွင်အတွင်း ရုတ်တရက်နှလုံးရပ်သေဆုံးသွားတယ်လို့ အဲဒီနိုင်ငံက မြန်မာအသိုင်းအဝိုင်းထံက သိရပါတယ်။အသက်(၃၉)နှစ်အရွယ် ကိုမျိုးနိုင်အေးဟာ စက်ရုံမှာ ပစ္စည်း​တွေကို ကွန်တိန်နာပေါ်က ချနေစဥ် ရုတ်တရက် နှလုံးအောင့်ပြီး မောလာကာ မူးလဲသွားတာ​ဖြစ်​ပြီး ချွန်နမ်ပြည်နယ် ချောင်နန်မြို့ ဒန်ဂု့တက္ကသိုလ် ဆေးရုံကြီးမှာ ဆေးကုသမူခံယူနေစဥ် နှလုံးရပ် ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။ကိုမျိုးနိုင်အေးဟာ မြင်းခြံမြို့ကနေ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေသူဖြစ်ပြီး ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သဂြိုဟ်ရန်အတွက် ကျန်ရစ်သူ မိသားစုနဲ့တိုင်ပင်ပြီး ပြန်လည် ကြေညာပေးမယ်လို့ တောင်ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးက သူ့ရဲ့လူမူကွန်ရက်ကနေ အသိပေးထားပါတယ်။
  • ကိုမျိုးနိုင်အေးဟာ တောင်ကိုရီးယားကို ဒုတိယအကြီမ်ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ (၅နှစ်အရွယ်နဲ့ (၈)လသား အရွယ် ကလေးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်လို့ဆိုပါတယ်။သူ့အနေနဲ့ နောက်ထပ် တစ်နှစ်ကျော် အလုပ်လုပ် ကိုင်ပြီးပါက အမိမြေကို ပြန်ရတော့မှာဖြစ်တယ် လို့လည်း သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ မကြာခင်ကလည်း ကျန်းမာရေးမကောင်းလို့ နေရပ်ပြန်အနားယူဖို့ပြင်ဆင်နေတဲ့ မြန်မာလုပ်သားတစ်ဦးမပြန်ခင်ရုတ်တရက်ကွယ်လွန်သွားတဲ့ဖြစ်ရပ်လည်း ရှိခဲ့ပါသေးတယ်။အဲဒီနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ၅၀,၀၀၀ နီးပါးလုပ်ကိုင်နေကာ အလုပ်ပင်ပန်းမူ၊စိတ်ဖိစီးမူစတဲ့ ပြသနာတွေကြုံတွေ့ကြရလေ့ရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *