“အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့”မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRCT က သဝဏ်လွှာပေးပို့

“အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့”မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် NHRCT က သဝဏ်လွှာပေးပို့
- မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့” မှာ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT)က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။အလုပ်သမားအခွင့်အရေးဟာ အရေးအကြီးဆုံးသော လူ့အခွင့်အရေးများထဲမှ တစ်ခု ဖြစ်တာကြောင့် ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေး မြှင့်တင်ဖို့အတွက် အလုပ်အကိုင် နဲ့ မျှတသောလုပ်ခလစာ ရပိုင်ခွင့် မှ ကောင်းမွန်သောဘဝအရည်အသွေးသို့ ပိုင်ဆိုင်ဖို့ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRCT)က လေးနက်စွာ တိုက်တွန်းအပ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးမှာ အလုပ်သမား အမျိုးအစားအားလုံး အကျုံးဝင်ကြောင်း၊ တရားဝင်အလုပ်သမားနဲ့ ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုကဏ္ဍမှ အလုပ်သမားများ စည်းရုံးပိုင်ခွင့် မြှင့်တင်ရေးနဲ့ ကာကွယ်ရေးတို့ ပါဝင်ကြောင်း၊ အလုပ်သမားသမဂ္ဂ သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ရှိကြောင်း၊ အလုပ်ရှင်နဲ့ အလုပ်သမားတို့ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းဟာ အလွန်အရေးကြီးကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
- ယနေ့ခေတ် လူ့အဖွဲ့အစည်းဟာ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းတစ်ခုဆီ တိုးတက်ပြောင်းလဲလာပြီး အမှီအခိုကင်းသော အလုပ်အကိုင်များဖြစ်တဲ့ ပို့ဆောင်ရေး သို့မဟုတ် အစားအသောက် ပို့ဆောင်သူ ကဲ့သို့သော အလုပ်အကိုင်ပုံစံသစ်များ ရှိလာတယ်လို့လည်း ဆိုပါတယ်။သက်ဆိုင်ရာဌာန၊ အလုပ်သမားကွန်ရက်၊ အရပ်ဘက်အဖွဲ့အစည်း၊ ပညာရှင်များနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊လူ့အခွင့်အရေးအခြေခံမူများနဲ့အညီ အလုပ်သမားအခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေး အဆင့်မြှင့်တင်ဖို့၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ အလုပ်လက်မဲ့ အလုပ်သမားများအတွက် အလုပ်အကိုင် မြှင့်တင်ရေး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ သဘောတူညီချက် အမှတ် ၈၇၊ အမှတ် ၉၈ ပါ သဘောတူညီချက်များကို ထောက်ခံဖို့၊ အလုပ်သမားအဖွဲ့အားလုံး လူမှုဖူလုံရေးစနစ်ကို လက်လှမ်းမီပြီး သင့်လျော်တဲ့ လူနေမှုအဆင့်အတန်း ရရှိစေဖို့ ထိုင်းအစိုးရကို NHRCT တိုက်တွန်း ထားပါတယ်။