ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်သမားနေ့မှာ အချက် သုံးချက် တောင်းဆို

ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်သမားနေ့မှာ အချက် သုံးချက် တောင်းဆို

မေ ၁ ရက်၊ Migrant Times
  • ဒီနေ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ နေရာ နှစ်ခုမှာ စုပေါင်းချီတက်ပြီး ထိုင်းအစိုးရကို အချက် သုံးချက်တောင်းဆိုခဲ့ပါတယ်။မြန်မာလုပ်သားတွေ အခက်အခဲဖြစ်နေတဲ့ ဗီဇာသက်တမ်းတိုးတာကို မြန်မာပြည် ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံအတွင်း ပြုလုပ်ပေးဖို့၊ အလုပ်သမားတစ်ဦး လုပ်အားခဟာမိသားစုဝင် သုံးဦး ဖူလုံစေဖို့၊ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်ပိုင် အသင်းဖွဲ့ဖို့နဲ့ စုပေါင်းတောင်းဆိုခွင့်ရဖို့ စတဲ့အချက် သုံးချက်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) က ဘန်ကောက်မြို့နဲ့ ဟတ်ယိုင်မြို့မှာ ထိုင်းအလုပ်သမား သမဂ္ဂများနဲ့ပူးပေါင်းကာ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံ-MWRN

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *