အနာဂတ်တွင် ကောင်းမွန်သော ဘဝနေထိုင်မှု တိုးမြှင့်ရန် တောင်းဆိုချက် ၇ ချက်ကို ထိုင်းအလုပ်သမားများအဖွဲ့ ကောင်စီ တင်ပြ
မေ ၂ ရက်၊ Migrant Times
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ချီတက်ပွဲမှာ ထိုင်းအလုပ်သမားများအဖွဲ့ကောင်စီရဲ့ တောင်းဆိုချက် ၇ ချက်ကို ေဖာ်ပြလိုက်ပါတယ်။
၁) အစိုးရသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ပဋိညာဥ်၏ သဘောတူညီချက်များကို လိုက်နာချမှတ် ဖော်ဆောင်ရမည်။
၂) “ဝန်ထမ်း” အလုပ်သမားများအတွက် အာမခံချက်ရှိသော ကြိုတင်ကာကွယ်မှု ( အကာအကွယ် ) ရန်ပုံငွေ ထူထောင်ခြင်း အစိုးရမှ အက်ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် သို့မဟုတ် ဝန်ကြီးဌာနဆိုင်ရာ စည်းမျဉ်းတစ်ရပ်အနေဖြစ် ကြေညာပေးရန်။
၃) အစိုးရမှ လူမှုဖူလုံရေးဆိုင်ရာ အာမခံချက် ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲပေးရန်။
(၄) အစိုးရ မှ လူမှုဖူလုံရေး ကောင်းမွန်သော ဆေးရုံ တည်ထောင်ရန် နှင့် အလုပ်သမားဝန်ကြီးဌာန သို့မဟုတ် အလုပ်သမားများအတွက် အလုပ်သမားဘဏ်တစ်ခု ထူထောင်ရန်။
၅) အငြိမ်းစားယူပြီးနောက် ဆေးဘက် နှင့် ကုသခြင်းဆိုင်ရာ သက်သာ ချောင်ချိရေး စနစ်အား နိုင်ငံတော်မှ ပင်စင်အရာရှိများနှင့် အလုပ်သမား ဝန်ထမ်းများနှင့် နှိုင်းယှဉ်ပါက လူမှုဖူလုံရေးစနစ် ပုဒ်မ ၃၃ အရ နိုင်ငံတော်မှ အငြိမ်းစားယူပြီးနောက် ဆေး နှင့် ကုသခြင်းဆိုင်ရာ သက်သာချောင်ချိရေးစနစ် မည်သို့စီစဉ်ရမည်ကို အစိုးရအား အမြန်ကောက်ချက်ချပေးရန် ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ဝန်ထမ်းများသည် တရားဝင်လျော်ကြေးမှ ဝင်ငွေခွန်နှုတ်ယူခြင်းအပြင် ပုဂ္ဂလိကဝန်ထမ်းများမှ အလုပ်ရပ်စဲပြီးနောက် ရရှိသည့် နောက်ဆုံးဝင်ငွေ သို့မဟုတ် ထွက်ခွင့် ပေးချေမှု နှုတ်ယူခြင်းကိုလည်း ရရှိရမည် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့တွင် တင်ပြ တောင်းဆို တိုင်ကြားသည့် စာများကို အစိုးရက အလေးအနက် စဉ်းစားဆောင်ရွက်ပေးရန်။
၆) အငြိမ်းစားယူပြီးနောက် သက်ကြီးဝန်ထမ်းများဟောင်းများ၏ လူမှုဘ၀ စား၀တ်နေထိုင်မှု လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ရန် နှင့် နိုင်ငံတော် ပင်စင်စား ရန်ပုံငွေဥပဒေ အကောင်အထည်ဖော်မှု အရှိန်မြှင့် ဆောင်ရွက်ရန် အစိုးရကို တောင်းဆိုပါသည်။
၇) ၂၀၂၃ ခုနှစ် ထိုင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ တောင်းဆိုချက်များကို အလုပ်သမားဝန်ကြီး မှ လိုက်နာရန်နှင့် အလုပ်အဖွဲ့ကို ဖွဲ့စည်း ခန့်အပ်ပြီး နောက်ဆက်တွဲ အစည်းအဝေးကို နှစ်လတစ်ကြိမ် ကျင်းပပြီး အလုပ်သမားတွေတို့၏ ဘဝနဲ့ လိုအပ်ချက်တွေကို ထိခိုက်စေတဲ့ ပြဿနာတွေကို ဆွေးနွေးတင်ပြခြင်း ယခုနှစ် တောင်းဆိုချက် (၇) ချက်လုံးကို အရှိန်အဟုန်မြှင့်ပြီး နောက်ဆက်တွဲအနေဖြင့် အလုပ်သမား ညီအစ်ကို မောင်နှမများအား တရားဝင်အခွင့်အရေးများ ရရှိစေမည်ဟု ယုံကြည်ပါသည်။ အလုပ်အကိုင် လုံခြုံမှု ခိုင်မာစေခြင်း အာမခံချက် ရှိခြင်း နှင့် အနာဂတ်တွင် ကောင်းမွန်သော ဘဝနေထိုင်မှု ရရှိစေရန်တောင်းဆိုတင်ပြပါသည်။