YFAစက်ရုံလုပ်ငန်းရှင်ကို တရားစွဲဆိုမှု တိုင်းဥပဒေရုံးမှာစေ့စပ်ညှိနှိုင်းဖို့ တရားသူကြီးဆုံးဖြတ်

YFAစက်ရုံလုပ်ငန်းရှင်ကို တရားစွဲဆိုမှု တိုင်းဥပဒေရုံးမှာစေ့စပ်ညှိနှိုင်းဖို့ တရားသူကြီးဆုံးဖြတ်
- YFAစက်ရုံပိုင်ရှင်ကိုအလုပ်သမားက တရားစွဲဆိုမှုနဲ့ပတ်သက်လို့ ဒီနေ့ရုံးချိန်းမှာ တရားသူကြီးက တိုင်းဥပဒေရုံးမှာ စေ့စပ်ညှိနှိုင်းဖို့အဆုံးအဖြတ်ပေးခဲ့တယ်လို့ အဲဒီစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။ဒီနေ့ရုံးချိန်းမှာစက်ရုံ ပိုင်ရှင်ကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ မန်နေဂျာ ဒေါ်စုမြတ်မြတ်လွင်မှ ကိုယ်စားလှယ်လွဲစာဖြင့် အမှုကို လာရောက် ရင်ဆိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
- တရားသူကြီးမှ အမှုမှာငွေရလိုမှုပါတဲ့အတွက်မေလ ၁၉ရက်မှာ တိုင်းရုံးသို့ စေ့စပ်ညှိနှိုင်းရေး သွားဖို့နဲ့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေတရား ရုံးဆီမေလ၂၀ရက်မှာ ပြန်လာဖို့ဆုံးဖြတ်ပေးခဲ့တယ်လို့ STUMမှ တာဝန်ရှိသူက ဆိုပါတယ်။”အလုပ်ရှင်၊အလုပ်သမားနဲ့ နှစ်ဖက်ဥပဒေအကျိုးဆောင်တွေညှိကြမှာ။အဲဒီမှာအဆင်ပြေရင်လည်းပြေသွားမယ်ပေါ့။မပြေလည်းဆက်သွားလို့ရတယ်။အဲဒါကြောင့်အလုပ်သမားကလည်းလက်ခံလိုက်တာ”လို့ သူကပြောပါတယ်။
- YFAစက်ရုံက အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်နဲ့မညီဘဲအလုပ်ထုတ်လိုက်တာကိုမကျေနပ်လို့ တရားစွဲဆိုမှုဖြစ်လာတာပါ။အရင်ရုံးချိန်းတွေမှာ အလုပ်ရှင်ဘက်ကလာရောက်တရားရင်ဆိုင်တာမရှိလို့ ကြန့်ကြာခဲ့ပြီး ဒီနေ့ရုံးချိန်းမှသာ အလုပ်ရှင်ကိုယ်စားလှယ်လာရောက်ခဲ့တာဖြစ်ပါတယ်။