Site icon Migrant Times

မြန်မာလုပ်သားတွေကို လုပ်အားခမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းမှုမှာ ပါဝင်သူ ၉ ဉီးကိုဖမ်းမိ

မြန်မာလုပ်သားတွေကို လုပ်အားခမပေးဘဲ သေနတ်နဲ့ ခြိမ်းခြောက်ပြီး စေခိုင်းမှုမှာ ပါဝင်သူ ၉ ဉီးကိုဖမ်းမိ

စကားဝါ
မေလ ၁၂ ရက်၊ Migrant Times
  • မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လုပ်ခလစာမပေးဘဲ သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခဲ့တဲ့ အလုပ်ရှင်အပါအဝင် ပူးပေါင်းပါဝင်သူ ၉ ဉီးကို ထိုင်းအာဏာပိုင်တွေက မေလ ၉ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ပွဲစားဖြစ်သူ မြန်မာတစ်ဉီးပါဝင်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။မြန်မာနိုင်ငံသား ၁၄ ဉီးကို ထိုင်းနိုင်ငံက နွားခြံမှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားကခေါ်ဆောင်လာခဲ့ပေမယ့် အမှန်တကယ်မှာတော့ ကန်ချနဘူရီခရိုင်အတွင်းက ကြံစိုက်ခင်းတစ်ခုမှာ အလုပ်လုပ်ကိုင်ခဲ့ရတာဖြစ်ပါတယ်။ဒါကိုအလုပ်ရှင်က အလုပ်သမားတွေရဲ့ အထောက်အထား စာရွက်စာတမ်းတွေကို သိမ်းဆည်းထားရုံသာမက သေနတ်နဲ့ပါ ခြိမ်းခြောက်ပြီး အတင်းအဓမ္မစေခိုင်းမှုတွေ၊ စိတ်ရောကိုယ်ပါ နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
  • ဒီအကြောင်းကို တိုင်ကြားချက်ရတာကြောင့် မတ်လ ၁ ရက်နေ့က ထိုင်းအာဏာပိုင်တွေနဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (HRDF)တို့ ပူးပေါင်းပြီး အလုပ်သမားတွေကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အလုပ်ရှင်ကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ အလုပ်ရှင်နဲ့ မြန်မာပွဲစားအပါအဝင် ၉ ဉီးလုံးကို သက်ဆိုင်ရာ ဉပဒေတွေနဲ့ ထိထိရောက်ရောက်အရေးယူသွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

Exit mobile version