ရွှေပြည်သာမြို့နယ်က အလုပ်သမားတွေမကြာခဏ လုယက်ခံနေရတယ်လို့ဆို

ရွှေပြည်သာမြို့နယ်က အလုပ်သမားတွေမကြာခဏ လုယက်ခံနေရတယ်လို့ဆို
- ရွှေပြည်သာမြို့နယ်စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သွား၊အလုပ်ပြန်ချိန်မှာ လုယက်ခံရတာတွေမကြာခဏကြုံနေရတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။စက်မူဇုန်အတွင်း လူရှင်းတဲ့လမ်းတွေမှာ အလုပ်သွား၊အလုပ်ပြန်လုပ်တဲ့သူတွေကို ပစ်မှတ်ထားလုယက်မှုတွေလုပ်နေတာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။”ဒီလထဲမှာကို အလုခံရတဲ့အလုပ်သမား ငါးယောက်လောက်ရှိပြီ၊စက်ဘီးပါရင်စက်ဘီးလုတာ။ရွှေပြည်သာထဲမှာတော်တော်ဆိုးဆိုးဖြစ်နေတာ”လို့ အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးဖြစ်တဲ့ မခိုင်ဇာကပြောပါတယ်။လုယက်သူတွေဟာ စက်ရုံလစာထုတ်ရက်တွေမှာ ပိုပြီးကျူးလွန်တတ်ကြပြီး တစ်ယောက်တည်းပြန်တဲ့သူတွေဟာ အန္တရာယ်ပိုများတယ်လို့အလုပ်သမားတွေကဆိုပါတယ်။
- “အဆောင်ကအစ်မတစ်ယောက်ဆို မရှိမဲ့ရှိမဲ့ရွှေနားကပ်အလုခံရတာသိပ်မကြာသေးဘူး”လို့ ရွှေပြည်သာမြို့နယ်၊မြင်းလှည်းဂိတ်အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။အဲဒီလို လုယက်မှုတွေများနေပေမယ့် ဘယ်သူမှ စောင့်ကြည့်၊ဖမ်းဆီးအရေးယူတာမရှိတဲ့အတွက် ကျူးလွန်သူတွေကပိုပြီးအတင့်ရဲလာကြတယ်လို့ သူတို့ကဆိုပါတယ်။အဲဒီမြို့နယ်အတွင်းနေထိုင်သူအများစုဟာ အလုပ်နဲ့သိပ်မဝေးတဲ့အတွက်ဖယ်ရီမစီးဘဲ ပြန်ကြတာတွေရှိနေတာဖြစ်တယ်လို့သိရပါတယ်။