တောင်ကိုရီးယားမှာ မြန်မာတစ်ဦးလှေကားပေါ်ကချော်ကျပြီးသတိမေ့မြောကာကွယ်လွန်
အရုဏ်ဦး
မေ ၁၄ ရက်၊ Migrant Times
- တောင်ကိုရီးယားနိူင်ငံမှာ မြန်မာနိူင်ငံသားတစ်ဦး မေလ ၁၂ရက်က နေအိမ်ရှိလှေကားပေါ်ကနေချော်ကျကာသတိမေ့မြောပြီးနောက်ကွယ်လွန်သွားတယ်လို့ အဲဒီနိူင်ငံရောက်မြန်မာအသိုင်းအဝိုင်းထံကသိရပါတယ်။မြန်မာနိူင်ငံသားဖြစ်တဲ့ ကိုရဲလင်းအောင်ဟာမေ ၁၂ ရက် သောကြာနေ့ ညပိုင်း ဒဲဂုမြို့ရှိ နေအိမ်ရှိ လှေကားမှာ ချော်လဲပြီး သတိမေ့မြောသွားခဲ့တာကြောင့်ဂယောင်ဘွတ် တက္ကသိုလ် ဆေးရုံကြီးကို အရေးပေါ်ကားနဲ့ ပို့ဆောင် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ဆိုပါတယ်။သူ့ကိုဆရာဝန်တွေက အသက်လု ကုသခဲ့ပေမဲ့ နဂိုကတည်းက သွေးတိုးရောဂါ အခံရှိတဲ့ ကိုရဲလင်းအောင်ဟာ အသက်ပြန်မရှင်နိူင်တော့ဘဲ ကွယ်လွန်ခဲ့ရတယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ဖေ့ဘွက်ခ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။
- ကွယ်လွန်သူကိုရဲလင်းအောင်ဟာ ရန်ကုန်မြို့ မှော်ဘီမြို့မှာ နေထိုင်ခဲ့သူဖြစ်ပြီး ဖခင်က ကွယ်လွန်သွားပြီးဖြစ်ကာလက်ရှိမိခင်ဖြစ်သူသာကျန်ရစ်ခဲ့တယ်လို့သိရပါတယ်။”ကိုရဲလင်းအောင်ရဲ့ အသုဘ အစီအစဥ်ကို ကျန်ရစ်သူ မိသားစုနဲ့ တိုင်ပင်ကာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ကိုဇော်မိုးအောင်ကအသိပေးရေးသားထားပါတယ်။ဒါ့အပြင် ကိုရဲလင်းအောင်ရဲ့ ဆေးကုသစရိတ်နဲ့ အသုဘစရိတ်များကို တတ်နိုင်တဲ့ ဘက်ကဝိုင်းဝန်းကူညီကြဖို့ကိုလည်း ကိုရီးယားရောက်မြန်မာတွေထံ တိုက်တွန်းထားပါတယ်။တောင်ကိုရီးယားနိူင်ငံမှာ မကြာခင်ကလည်း မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်မှာမတော်တဆသေဆုံးခဲ့ပါသေးတယ်။