ထိုင်းမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိ
မေ ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ မယ်ကျန်မြို့နယ်၊ မဲရုဲငျးကြေးရှာအုပျစု၊ ဘန်းဆန်ကောင်ရွာ၊ ဖဟွန်ယိုထင်လမ်းမကြီးမှာ တောင်ပေါ်သားကတ်ပြားကိုင်ဆောင်ထားသူနဲ့ မြန်မာတစ်ဦးထံက စိတ်ကြွဆေးပြား ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံသား မှတ်ပုံတင်မရှိတဲ့ တောင်ပေါ်သား ၁၀ နှစ်ခံ ကတ်ပြား ကိုင်ဆောင်ထားတဲ့ အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး လိုက်ပါလာတဲ့ကားကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရေးဂိတ်မှာ တားဆီးစစ်ဆေးရာမှာကားပေါ်မှာ ကောက်ရိုး ဆာလာအိတ် ၅ အိတ်အတွင်း ဝှက်ထားတဲ့ စိတ်ကြွဆေးပြား ၅၀၀,၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ နယ်စပ်ဒေသလုံခြုံရေးရဲတပ်ဖွဲ့ နှင့် လူ၀င်မှုကြီးကြပ်ရေး (လ၀က)ရဲက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
- ဖမ်းဆီးခံရသူ ၂ ဦးဟာ အာခါလူမျိုး တိုင်းရင်းသားများဖြစ်ပြီး မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား သယ်ဆောင်ခ ထိုင်းဘတ်ငွေ ၁၅,၀၀၀ ရရှိတယ်လို့ သိရပါတယ်။သူတို့ကို မယ်ဆိုင်ရဲစခန်းမှာ တရားစွဲ အရေးယူမှာဖြစ်ကြောင်း သိရပါတယ်။ထိုင်း-မြန်မာ နယ်စပ်မှာ အခုလအတွင်း မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းအများအပြား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းမှာ အထူးစုံစမ်းစစ်ဆေးရေးဂိတ်များ တိုးချဲ့ဆောင်ရွက်နေရကြောင်း မယ်ဆိုင်မြို့နယ်ရဲမှူးထံက သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-MAESAIPRESS