Site icon Migrant Times

ထိုင်းမြောက်ပိုင်းဒေသမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်ရောက်တဲ့ မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

ထိုင်းမြောက်ပိုင်းဒေသမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်ရောက်တဲ့ မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

မေ ၂၃ရက်
နိုင်၊ Migrant Times
  • ထိုင်းနိုင်ငံမြောက်ပိုင်းဖြစ်တဲ့ ချင်းမိုင်ခရိုင် နယ်စပ်လုံခြုံရေးမှာ တရားမဝင်လမ်းကြောင်းနဲ့ဝင်လာသူ မြန်မာအလုပ်သမား ၁၆ ဦးကို Pha Muang တပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။မေလ ၂၀ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲအိုင်မြို့နယ်၊ အုပ်စု ၁ မလိကာကျေးရွာရဲ့ သဘာဝလမ်းကြောင်းတွေမှာ Pha Muang တပ်ဖွဲ့ကစစ်သားများ လှည့်ကင်းလုပ်ဆောင်နေချိန်မှာ အလုပ်လုပ်ဖို့လာကြတဲ့ တရားမဝင် မြန်မာအလုပ်သမား ၁၆ ဦးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ပါတယ်။စစ်ဆေးတွေ့ရှိချက်အရ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၅ ဦး စုစု‌ပေါင်း ၁၆ ဦးတို့ဟာ ထိုင်းမြောက်ပိုင်းခရိုင်နောက်ထပ်တစ်ခုဖြစ်တဲ့ ချင်းရိုင်းခရိုင်၊ ဝီယမ်ပါ့ပေါင်းမြို့နယ်မှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့အတွက် မြန်မာြပည်ဘက်နေ ထိုင်းဘက်ကို သဘာဝတောတောင်လမ်းကြောင်းအသုံးပြုပြီး ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။သူတို့အားလုံးကို ဉပဒေအရအရေးယူဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာမဲအိုင်မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးကွပ်ကဲမှုနယ်မြေ ၃ ခွဲ ၂၊ Pha Muang တပ်ဖွဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ ၃ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

Exit mobile version