တာ့ခ်ခရိုင်ကနေ ဘန်ကောက်ကိုသွားတဲ့ မြန်မာတစ်ဦး ဗီဇာရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးခံရ

တာ့ခ်ခရိုင်ကနေ ဘန်ကောက်ကိုသွားတဲ့ မြန်မာတစ်ဦး ဗီဇာရက်လွန်နေထိုင်မှုနဲ့ ဖမ်းဆီးခံရ
- တာ့ခ် – ဘန်ကောက် ဘတ်စ်ကားနဲ့လိုက်ပါလာတဲ့ ခရီးသည်တွေကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာမှာ မြန်မာအမျိုးသားတစ်ဦး ဗီဇာရက်လွန်နေထိုင်ကြောင်းတွေ့ရှိတာနဲ့ ဖမ်းဆီးထိမ်းသိမ်းခံလိုက်ရပါတယ်။မေလ ၂၆ ရက် ည ၁၀ နာရီခွဲက ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ကနေ ဘန်ကောက်မြို့ကိုခရီးသွားရင်း မဲဆောက်မြို့၊ မဲပါ့ကျေးရွာထဲက ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ မြန်မာအမျိုးသားတစ်ဦး ထိုင်းနိုင်ငံအတွင်း ၁၀၁ရက်အထိ ဗီဇာရက်လွန်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိတာနဲ့ လူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ သိရပါတယ်။
